The network connection is lost.

Banner Image

နယူးကာဆယ်စတားအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ခန့်မှန်းလိုက်တဲ့ ဆွီဒင်နည်းပြ တိုမက်ဆန်

နယူးကာဆယ်အသင်းကနေထွက်ခွာဖို့ လုပ်ဆောင်နေပေမယ့်လည်း ဆွီဒင်အသင်းနည်းပြ တိုမက်ဆန်ကတော့ အီဆက်ကို လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားလူစာရင်းထဲမှာ ထည့်သွင်းလာခဲ့ပါတယ်။ အီဆက်ဟာ အခုအပြောင်းအရွှေ့မှာ လီဗာပူးအသင်းထံပြောင်းရွှေ့ဖို့ တွန်းအားပေးနေပြီး ကြံ့ခိုင်မှု နဲ့ အခြေအနေတွေက မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

ဒါပေမယ့် တိုမက်ဆန်ကတော့ အီဆက်ရဲ့အရည်အချင်းက လျစ်လျူရှုဖို့ ခက်ခဲတယ်လို့ ပြောကြားလိုက်ပါတယ်။ အီဆက်ဟာ နယူးကာဆယ်ရဲ့ရာသီကြိုခြေစမ်းပွဲတွေမှာ မပါဝင်သလို ပရီးမီးယားလိဂ်အဖွင့်ပွဲတွေမှာလည်း မပါဝင်ခဲ့တာဖြစ်ပါတယ်။ ဆွီဒင်သားဟာ နယူးကာဆယ်အသင်းလေ့ကျင့်ခန်းအစီအစဉ်မှာ တစ်ဦးတည်းလေ့ကျင့်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ သတင်းတွေအရ အီဆက်အနေနဲ့ နယူးကာဆယ်အတွက် နောက်တစ်ကြိမ်ကစားပေးတော့မှာမဟုတ်ပဲ လီဗာပူးထံပြောင်းရွှေ့ဖို့သာ တွန်းအားပေးနေတယ်လို့ သိရပါတယ်။

“အခြေအနေတွေက ရှင်းရှင်းလင်းလင်းသိရဖို့ အရမ်းခက်ခဲပါတယ်။ ကျွန်တော်တို့ အသင်းအတွင်းမှာ ဘာဖြစ်နေလဲဆိုတာ မသိပါဘူး။ အခုလိုအခြေအနေတွေက အရမ်းကိုဂရုစိုက်ရပါတယ်။ သူက ဉာဏ်ကောင်းတဲ့ကစားသမားပါ။ကျွန်တော်ထင်ထားတာထက်တောင် ဉာဏ်ကောင်းတဲ့ကစားသမားပါ။ အီဆက်က အရမ်းပရော်ဖက်ရှင်နယ်ဆန်တဲ့ကစားသမားပါ။ သူ့မှာ သန်မာတဲ့စရိုက်လက္ခဏာရှိပါတယ်။ သူက ပွဲကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ကစားသမားပါ။ ကျွန်တော် သူနဲ့အကြိမ်ပေါင်းများစွာစကားပြောဖြစ်ခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ သူက သန်မာပါတယ်။ မိနစ် ၉၀ ပြည့်သူပါဝင်ကစားနိုင်မှာလားဆိုတာတော့ မသေချာသေးပါဘူး”လို့ တိုမက်ဆန်က ပြောကြားခဲ့ပါတယ်။

အီဆက်တစ်ယောက်တည်း ဆွီဒင်လူစာရင်းမှာပါဝင်လာခဲ့တာမဟုတ်ပဲ နယူးကာဆယ်အသင်းဖော် အီမီလီ ၊ အီလန်ဂါတို့လည်း ပါဝင်လာပါတယ်။ ဒါ့အပြင် အာဆင်နယ်ရဲ့တိုက်စစ်မှူးသစ် ယိုကရက်စ်လည်း ဆွီဒင်လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ အီဆက်ကတော့ နယူးကာဆယ်ကနေထွက်ခွာချင်နေပေမယ့် နယူးကာဆယ်တာဝန်ရှိသူတွေကတော့ အသင်းမှာဆက်နေဖို့ စည်းရုံးနေပါတယ်။လီဗာပူးအသင်းဘက်က အခုလအစောပိုင်းတုန်းက အီဆက်ကို ပေါင်သန်း ၁၁၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခဲ့ပြီး လီဗာပူးအနေနဲ့ ဒုတိယအကြိမ် ပေါင်သန်း ၁၃၀ နဲ့ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။