The network connection is lost.

Banner Image

ဆာဘတ်နဲ့ပွဲစဉ်မတိုင်ခင် ဒီဂျောင်ကို ချီးကျူးစကားဆိုခဲ့တဲ့ ဟန်စီဖလစ်ခ်

ဘာစီလိုနာက အခုဘောလုံးရာသီရဲ့ ပဉ္စမမြောက်ချန်ပီယံလိဂ်ပွဲစဉ်အတွက် အဇာဘိုင်ဂျန်နိုင်ငံဆီ ခရီးရှည်ထွက်ခွာသွားပါပြီ။

ဘာစီလိုနာက ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ၊ ချန်ပီယံလိဂ်အုပ်စုအဖွင့်လေးပွဲမှာ လက်ရှိချန်ပီယံပီအက်စ်ဂျီနဲ့ပွဲစဉ်ကိုသာ ရှုံးနိမ့်ထားပြီး ၂၀၂၇ ခုနှစ်အစောပိုင်းမှာကျင်းပမယ့် ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ဖို့ အခြေအနေကောင်းနေပါတယ်။

ဒါပေမဲ့ ခြေကျင်းဝတ်ဒဏ်ရာကြိုတင်ကာကွယ်မှုအဖြစ် စပိန်မှာပဲ ကျန်ရစ်ခဲ့တဲ့ ဆယ်ကျော်သက်ကြယ်ပွင့်ယာမယ်လ်ကတော့ ဆာဘတ်နဲ့အဝေးကွင်းပွဲစဉ်ကို သေချာပေါက်လွဲချော်သွားပါလိမ့်မယ်။

အသက် ၁၉ နှစ်အရွယ်ကစားသမားရဲ့ ညာတောင်ပံတိုက်စစ်နေရာကို ဘယ်သူ အစားထိုးမလဲဆိုတာ ဟန်စီဖလစ်ခ် ထုတ်မပြောခဲ့ပေမဲ့ ဗဟိုခံစစ်နေရာမှာ တာဝန်ယူနေရတဲ့ ဒီဂျောင်ကိုတော့ ကစားသမားရဲ့အနှစ်သက်ဆုံးဖြစ်တဲ့ ကွင်းလယ်နေရာဆီ ပြန်လည်ပြောင်းရွှေ့ အသုံးပြုလာနိုင်ပါတယ်။

ဟန်စီဖလစ်ခ်က "ဒီဂျောင်နဲ့ပတ်သက်လို့ ကျွန်တော်သဘောအကျဆုံးအချက်ကတော့ ကျွန်တော်လိုအပ်တဲ့ဘယ်နေရာမှာမဆို ကစားပေးမယ်လို့ သူပြောထားတာပါပဲ။ ဘယ်လို အခန်းကဏ္ဍမှာမဆို သူ ကစားပေးဖို့ အဆင်သင့်ရှိတယ်လို့ ပြောပါတယ်"

"သူက အသင်းအတွက် အစွမ်းကုန်ပေးဆပ်ကစားပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေအနက် တစ်ဦးဆိုတာ ကျွန်တော်တို့ သိကြပါတယ်။ သူက ကွင်းလယ်လူတစ်ဦးဖြစ်ပြီး ကွင်းလယ်ဗဟိုမှာ သူ့ကို ကျွန်တော်တို့ လိုအပ်ပေမဲ့ မနက်ဖြန်ပွဲစဉ်ကိုပဲ စောင့်ကြည့်သွားရပါမယ်"

"အသင်းဆီ သူပြန်လာနိုင်တာနဲ့ သူ့ရဲ့ထူးချွန်တဲ့ခြေစွမ်းပိုင်းအတွက် ကျွန်တော် ဝမ်းသာမိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။