The network connection is lost.

Banner Image

AEK အေသင်နဲ့ ချန်ပီယံလိဂ်ပွဲကြီးပွဲကောင်းမတိုင်ခင် ဗယ်လ်ဗာဒီကို စိန်ခေါ်လိုက်တဲ့ မော်ရင်ဟို

AEK အေသင်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ အသင်းခေါင်းဆောင်တစ်ဦးအတွက် လိုအပ်မယ့် စွန့်လွှတ်အနစ်နာခံမှုတွေကို အပြည့်အ၀လက်ခံဆောင်ရွက်သွားဖို့ ရီးရဲလ်မက်ဒရစ်နည်းပြဟိုဆေးမော်ရင်ဟိုက ဗယ်လ်ဗာဒီကို တိုက်တွန်းစိန်ခေါ်လိုက်ပါတယ်။

ဂရိမြေမှာကစားရမယ့် ပွဲစဉ်မတိုင်ခင် ပေါ်တူဂီလူမျိုးနည်းပြက ခေါင်းဆောင်မှုဆိုတာ နေရာစုံကစားနိုင်စွမ်းရှိဖို့ လိုအပ်သလို တစ်ဦးချင်းစိတ်ကြိုက်ရွေးချယ်မှုတွေထက် အသင်းလိုက်အောင်မြင်မှုကိုသာ ပိုမိုဦးစားပေးရမယ်ဆိုတဲ့ အချက်ကို အလေးအနက် ထောက်ပြခဲ့ပါတယ်။

ခံစစ်ပိုင်းကစားသမားတွေ မပါဝင်နိုင်မှုကြောင့် ရွေးချယ်စရာတွေနည်းပါးနေချိန် ဗယ်လ်ဗာဒီလည်း ပုံမှန်ကစားနေကျမဟုတ်တဲ့ အခြားနေရာတွေမှာ စိတ်လိုလက်ရကစားပေးဖို့ လိုအပ်တယ်လို့ မော်ရင်ဟိုက အခိုင်အမာပြောကြားခဲ့ပါတယ်။

မီဒီယာတွေဆီ မော်ရင်ဟိုက "ဗယ်လ်ဗာဒီဆိုတာ အသင်းအတွက် အလွန်အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ကျွန်တော် မြင်ပါတယ်" လို့ ပြောပါတယ်။

"ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဖြစ်နေတယ်ဆိုတဲ့အချက်ကြောင့် သူ့ကို ပတ်ဝန်းကျင်က အခြားရှုထောင့်မှတဆင့် ကြည့်မြင်လေ့ရှိပါတယ်။ အသင်းခေါင်းဆောင်ဖြစ်လာပြီဆိုရင် တခြားလူတွေနဲ့မတူဘဲ ကွဲပြားနေရပါမယ်"

"ဒါက တာဝန်ယူမှုတစ်ခုဖြစ်ပြီး သူ့အသင်းနဲ့ အသင်းဖော်တွေအတွက် လိုအပ်တဲ့ ဘယ်နေရာမှာမဆို သူ ဝင်ကစားပေးလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်"

"ကျွန်တော့်အမြင်မှာတော့ အသင်းခေါင်းဆောင်ဆိုတာ ဒါပါပဲ။ ဒါကြောင့်လည်း ဗယ်လ်ဗာဒီအတွက် ဘယ်နေရာမှာမဆို ကစားပေးဖို့ဆိုတာ ပြဿနာမရှိစေဘူးလို့ ကျွန်တော် အပြည့်အ၀ ယုံကြည်နေတာပါ။ တကယ်လို့ ဘယ်နောက်ခံလူနေရာမှာ လိုအပ်တယ်ဆိုရင်တောင် အသင်းခေါင်းဆောင်တစ်ဦးရဲ့တာဝန်ယူမှုကြောင့် သူ ကစားပေးသွားပါလိမ့်မယ်" လို့ ဆိုပါတယ်။