ဖခင်တစ်ဦးဖြစ်လာခြင်းကြောင့် ဟာလန်းအတွက် ပြီးပြည့်စုံစေလိမ့်မယ်လို့ မာရက်စ်ကာဆို
မန်စီးတီးနည်းပြအန်ဇိုမာရက်စ်ကာက ပထမဦးဆုံးရင်သွေးလေး ရရှိလာတဲ့ ဟာလန်းကို ပြီးပြည့်စုံတဲ့လူသားတစ်ဦးအဖြစ် တိုးတက်လာခဲ့ပြီလို့ ယုံကြည်နေပါတယ်။
နော်ဝေလက်ရွေးစင်ကစားသမားက မန်စီးတီးရဲ့ပရီးမီးယားလိဂ်ရာသီအဖွင့်သုံးပွဲမှာ သုံးဂိုးသွင်းယူရင်း ခြေစွမ်းပြသခဲ့ပါတယ်။
ဒီည၊ ပေါ်တိုနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ဖခင်တစ်ဦးဖြစ်လာခြင်းကြောင့် ဟာလန်းအတွက် ဘယ်လိုအပြောင်းအလဲဖြစ်စေမလဲဆိုတာနဲ့ ပြင်ပလူနေမှုဘ၀ တိုးတက်ပြောင်းလဲမှုတွေကြောင့် ဟာလန်းကို ပိုမိုရင့်ကျက်ပြီး ပြီးပြည်စုံသူတစ်ဦးဖြစ်လာဖို့ ကူညီပေးတယ်လို့ မာရက်စ်ကာက ရှင်းပြခဲ့ပါတယ်။
မာရက်စ်ကာက "ဟာလန်းတော့ အခုဆိုရင် ယောက်ျားတစ်ဦး၊ ဖခင်တစ်ဦး ဖြစ်နေပါပြီ" လို့ ပြောပါတယ်။
"ဒီအသင်းဆီ သူရောက်လာချိန်တုန်းက ဖခင်တစ်ဦး မဖြစ်လာသေးပါဘူး။
အခုတော့ ပြောင်းလဲသွားခဲ့ပါပြီ၊ သူက ဖခင်တစ်ဦး ဖြစ်လာတာကြောင့် ပထမဦးစားပေးက ဏ္ဍ လုံး၀ပြောင်းလဲသွားခဲ့ပါပြီ။
ကျွန်တော် သူ့အတွက် ဝမ်းသာမိပါတယ်။ သူက ကစားသမားတစ်ဦးအဖြစ်ရော၊ လူငယ်တစ်ဦးအဖြစ်ပါ ထိပ်တန်းအဆင့်မှာ ရှိနှင့်ပြီးသားပါ။
ဒါပေမဲ့ လက်ရှိမှာတော့ သူက ပြီးပြည့်စုံတဲ့သူတစ်ဦး ဖြစ်နေတာကို ခင်ဗျားတို့ မြင်တွေ့နိုင်ပါတယ်။
မိသားစုကို ဦးဆောင်သူတစ်ဦးဖြစ်သလို ဂိုးတွေလည်း ဆက်တိုက်သွင်းယူနေဆဲပါပဲ။ ကျွန်တော် သူ့အတွက် တကယ်ကို ဝမ်းသာမိပါတယ်" လို့ ဆိုပါတယ်။