The network connection is lost.

Banner Image

စတုဂတ်ရဲ့အသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခံရမယ့် ဒန်းနစ်အွန်ဒက်ဗ်

စွယ်စုံရတိုက်စစ်မှူးက ပြီးခဲ့တဲ့ရာသီ၊ ပြိုင်ပွဲစုံ ၄၅ ပွဲ ကစားခဲ့ရာမှာ ၂၅ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၂ ကြိမ်ပြုလုပ်နိုင်ခဲ့လို့ စတုဂတ်အသင်းအတွက် အားထားရတဲ့ ကြယ်ပွင့်ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

Sky Germany ရဲ့ဖော်ပြချက်အရ လာမယ့် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမှာ စတုဂတ်အသင်းရဲ့ကပ္ပတိန်အသစ်အဖြစ် ဒန်းနစ်အွန်ဒက်ဗ် တာဝန်ထမ်းဆောင်လိမ့်မယ်လို့ သိရပါတယ်။

အသင်းခေါင်းဆောင်ရာထူးမှနုတ်ထွက်ခဲ့တဲ့ ကာရာဇောကတော့ အသင်းအဝတ်လဲခန်းမှာ အရေးကြီးတဲ့ခေါင်းဆောင်မှုပုံရိပ်အဖြစ် ဆက်ရှိနေပါဦးမယ်။

အွန်ဒက်ဗ်က ပိုကယ်လ်ဖလားပထမအဆင့်ပွဲစဉ်ဖြစ်တဲ့ ဟန်ဆာရော့စတော့ခ်အသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ စတုဂတ်အသင်းရဲ့ကပ္ပတိန်အဖြစ် ကွင်းတွင်းဝင်ရောက်လာခဲ့ပါတယ်။

ကာရာဇောကလည်း စတုဂတ်မှာပဲ ခြေစွမ်းပြသသွားဖို့ ဆက်လက်ဆန္ဒရှိနေပြီး တူရကီကလပ်အသင်းတွေရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လအတွင်း ကာရာဇောနဲ့ပတ်သက်လို့ အွန်ဒက်ဇ်က "အကယ်၍ ကျွန်တော် အသင်းခေါင်းဆောင် ဖြစ်လာရင်တောင် ကာရာဇောက ကျွန်တော့်ရဲ့အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိနေပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။