အီတလီလက်ရွေးစင်အသင်းနည်းပြရာထူးကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တဲ့ ပက်ဂွါဒီယိုလာ
နာမည်ကျော်နည်းပြပက်ဂွါဒီယိုလာက အီတလီလက်ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်ပေးဖို့ ကမ်းလှမ်းလာမှုအပေါ် ငြင်းဆန်ပယ်ချလိုက်ပါတယ်။
နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ အသက် ၅၅ နှစ်အရွယ်နည်းပြကြီးက အီတလီဘောလုံးအဖွဲ့ချုပ်ကမ်းလှမ်းမှုကို ငြင်းဆန်ဖို့ အခုသီတင်းပတ်အတွင်းမှာပဲ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
မန်စီးတီးမှ ထွက်ခွာလာပြီးနောက် ဒီစပိန်လူမျိုးနည်းပြက မိသားစုအတွက် အချိန်ပေးနိုင်ဖို့နဲ့ အားအင်ပြန်လည်ဖြည့်တင်းဖို့အတွက် အခုလိုမျိုး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ သူက မန်စီးတီးမှာ ဆယ်စုနှစ်တစ်ခုကြာ ဖြတ်သန်းခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု ခြောက်ကြိမ်၊ ချန်ပီယံဖလား တစ်ကြိမ်အပါအဝင် ဆုဖလားအောင်မြင်မှု ၂၀ ကြိမ်အထိ ရှာဖွေနိုင်ခဲ့ပါတယ်။
ဒါကြောင့် နည်းပြသစ်ရှာဖွေနေတဲ့ အီတလီအသင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာပါတယ်။ တဖက်မှာလည်း ဘရာဇီးအသင်းကို ကိုင်တွယ်နေတဲ့ အန်ဆယ်လော့တီက ၂၀၂၈ ကိုပါအမေရိကပြိုင်ပွဲနဲ့ ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွေအထိ အသင်းနဲ့အတူ ဆက်ရှိနေဖို့ စီစဉ်ထားပါတယ်။
ဒါ့အပြင် အန်ဆယ်လော့တီက လတ်တလောမှာ အီတလီလက်ရွေးစင်အသင်းနည်းပြရာထူးကို တာဝန်ယူဖို့အတွက် လုံး၀စိတ်မကူးထားခဲ့ဘူးလို့ သိရပါတယ်။