The network connection is lost.

Banner Image

ကမ္ဘာ့ဖလားကြယ်ပွင့်အီလီဂျာဂျက်စ်ကို အပြီးသတ်ခေါ်ယူလိုက်တဲ့ ဆွမ်ဆီး

ဆွမ်ဆီးအသင်းက မာသားဝဲလ်တောင်ပံကစားသမားအီလီဂျာဂျက်စ်ကို အပြီးသတ်ခေါ်ယူလိုက်ပြီလို့ တရားဝင်ကြေညာလိုက်ပါတယ်။ အသက် ၂၆ နှစ်အရွယ်ကစားသမားက ဆွမ်ဆီးနဲ့ သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။ သူက ဆွမ်ဆီးမှာ ကျောနံပါတ်-၈ ဂျာစီကို ဝင်ဆင်သွားပါလိမ့်မယ်။

အခုအပြောင်းအရွှေ့ကြောင့် အီလီဂျာဂျက်စ်က ကမ္ဘာ့ဖလားပြိုင်ပွဲဝင်၊ နယူးဇီယန်အသင်းဖော် မာကိုစတာမန်းနစ်နဲ့အတူ ဆွမ်ဆီးမှာ ပြန်လည်ဆုံတွေ့သွားရပါလိမ့်မယ်။ 

ဒီတောင်ပံကစားသမားက နယူးဇီလန်အသင်းအတွက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သုံးဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ အထူးသဖြင့် အီရန်နဲ့ပွဲစဉ်မှာ သူသွင်းယူခဲ့တဲ့ဂိုးက ပြိုင်ပွဲရဲ့ အလှဆုံးဂိုးဆု (Goal of the Tournament)အတွက် လျာထားစာရင်းဝင် ဖြစ်နေပါတယ်။

ဒါ့အပြင် သူက ကမ္ဘာ့ဖလားပွဲစဉ်တစ်ခုအတွင်း နှစ်ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးနယူးဇီလန်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ အီလီဂျာဂျက်စ်က သူ့ရဲ့ကစားသမားဘ၀ကို Western နဲ့ Eastern Suburbs အသင်းတွေမှာ စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း ဒိန်းမတ်နိုင်ငံဆီ ပြောင်းရွှေ့ခဲ့ကာ အဲဒီနောက်မှာမှ မားသားဝဲလ်အသင်းဆီ ရောက်ရှိလာခဲ့ပါတယ်။

ဂျက်စ်က စကော့တလန်ပရီးမီးယားရှစ်ပြိုင်ပွဲမှာ နှစ်ရာသီအတွင်း ၄၃ ပွဲကစား၊ ခုနစ်ဂိုး သွင်းယူခဲ့ပါတယ်။ သူက မာသားဝဲလ်အသင်းကစားသမားဘ၀၊ ပွဲဦးထွက်ရာသီမှာတင် အသင်းရဲ့အကောင်းဆုံးကစားသမားဆုရရှိသူအဖြစ် ခြေစွမ်းပြသခဲ့ဖူးပါတယ်။