မော်ရိုကို,ကို အမှားအယွင်းမရှိကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်တက်လှမ်းလာတဲ့ ပြင်သစ်
ပြင်သစ် ၂-၀ မော်ရိုကို (ပွဲပြီးရလဒ်)
အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ပြင်သစ်က ပွဲကျပ်တစ်ခုလို့တင်စားနိုင်တဲ့ မော်ရိုကိုနဲ့ထိပ်တိုက်တွေ့ဆုံမှုမှာလည်း အနိုင်ရလဒ်တစ်ခုဖော်ဆောင်ပြီး ဆီမီးဖိုင်နယ်ဆီ တက်လှမ်းလာပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ပင်နယ်တီအခွင့်အရေးလွဲချော်ခဲ့တဲ့ အမ်ဘာပေက ပွဲချိန်မိနစ် ၆၀ မှာတော့ ပြင်သစ်အတွက် အဖွင့်ဂိုးကို အဝေးကန်ချက်ဖြင့် လှလှပပကန်သွင်းရယူခဲ့ပါတယ်။ ဒါ့အပြင် မိနစ်အနည်းငယ်အကြာမှာပဲ ဒမ်ဘီလီက အမ်ဘာပေရဲ့ဖန်တီးပေးမှုမှတဆင့် ပြင်သစ်အတွက် အနိုင်သေချာစေမယ့် အဖိုးတန်ဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ပြင်သစ်က ဆီမီးဖိုင်နယ်အဆင့်မှာ စပိန်(သို့မဟုတ်)ဘယ်လ်ဂျီယံနဲ့ ယှဉ်ပြိုင်သွားရပါမယ်။