The network connection is lost.

Banner Image

အိမ်ရှင် မက္ကဆီကိုအား ခက်ခက်ခဲခဲကျော်ဖြတ်ကာ ကွာတားဖိုင်နယ်တက်နိုင်ခဲ့ အင်္ဂလန်

မက္ကဆီကို ၂ - ၃ အင်္ဂလန် (ပွဲပြီးရလဒ်)

အင်္ဂလန်အသင်းက အိမ်ရှင် မက္ကဆီကိုနဲ့ပွဲစဉ်မှာ တစ်ယောက်လျော့နဲ့ခက်ခက်ခဲခဲ အနိုင်ရကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းက ပထမပိုင်းမှာ နှစ်ဂိုးဆက်တိုက်သွင်းခဲ့ပြီးနောက် မက္ကဆီကိုက တစ်ဂိုးပြန်လည်ချေပခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ နောက်ခံလူ ကွန်ဆာ အနီကတ်ထိခဲ့ပေမဲ့ ပင်နယ်တီကနေ အင်္ဂလန်တို့ တတိယဂိုးသွင်းနိုင်ခဲ့ပါတယ်။

မက္ကဆီကိုက တစ်ဂိုးပြန်လည်ချေပခဲ့ပေမဲ့ အချိန်ပိုရောက်စေမယ့် ချေပဂိုးကိုတော့ ဆက်လက်သွင်းယူနိုင်ခြင်းမရှိတာကြောင့် ၁၆သင်းအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အင်္ဂလန်အသင်းကတော့ ကွာတားဖိုင်နယ်မှာ နော်ဝေနဲ့ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။