The network connection is lost.

Banner Image

ကွန်ဆာ ပြန်ပါဝင်လာပေမဲ့ ရီစီဂျိမ်းစ်အတွက် မရေရာမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အင်္ဂလန်

စနေနေ့၊ အင်္ဂလန်အသင်းရဲ့နောက်ဆုံးလေ့ကျင့်ရေးအစီအစဉ်ကို ရီစီဂျိမ်းစ် လွဲချော်ခဲ့လို့ မက္ကဆီကိုနဲ့ ကစားမယ့် ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ပါဝင်နိုင်ရေး အတော်လေးမသေချာမရေရာ ဖြစ်နေပါတယ်။

ချယ်လ်ဆီးညာနောက်ခံလူက ဂါနာအသင်းနဲ့ပွဲစဉ်မှာ ပေါင်နောက်ကြောဒဏ်ရာရခဲ့ပြီးနောက် ပွဲကစားနိုင်ခြင်းမရှိဘဲ သီးသန့်လေ့ကျင့်ရေးအစီအစဉ်တွေကိုသာ ဆက်လက်လုပ်ဆောင်နေရပါတယ်။

ဒါပေမဲ့ အင်္ဂလန်အသင်းအတွက် သတင်းကောင်းတစ်ခုကတော့ ပေါင်နောက်ကြောဒဏ်ရာ ရထားတဲ့ ကွန်ဆာ ဒဏ်ရာသက်သာလာပြီး လေ့ကျင့်ရေးကွင်းဆီ အပြည့်အ၀ပြန်ဝင်နိုင်တဲ့အချက်ပဲ ဖြစ်ပါတယ်။

နေရာစုံကစားနိုင်တဲ့ ဒီခံစစ်မှူးပြန်ပါလာနိုင်လို့ ညာနောက်ခံလူနေရာအတွက် နည်းပြသောမတ်စ်တူချယ်ရဲ့စိုးရိမ်ပူပန်မှုတွေကို လျော့ပါးသွားစေပါတယ်။

ဒီအာကွန်ဂိုကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှာ စပန့်ခ်က ညာနောက်ခံလူအဖြစ် ပွဲထွက်ကစားခဲ့ပြီး ဒီကလန်ရိုက်စ်လည်း အဲဒီနေရာမှာပဲ ပွဲပြီးချိန်အထိ ကစားပေးခဲ့ပါတယ်။

ဒီကလန်ရိုက်စ်ကိုယ်တိုင်လည်း ပေါင်နောက်ကြောဒဏ်ရာ အနည်းငယ်ရှိနေပေမဲ့ တနင်္လာနေ့၊ မက္ကဆီကိုစီးတီးမှာ ကစားမယ့် ရှုံးထွက်ပွဲစဉ်အမီ ကြံ့ခိုင်မှုပြည့်ဝနေလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။