The network connection is lost.

Banner Image

အာဟန်နော်အတွက် ဘရိုက်တန်ရဲ့ ကမ်းလှမ်းမှုကို အတ္တလန္တာ ပယ်ချ

ဘရိုက်တန်အသင်းဟာ အလားအလာကောင်းတဲ့ အီတလီနောက်ခံလူ ဟိုးနက်စ်အာဟန်နော်အတွက် ပထမဆုံးကမ်းလှမ်းမှုကို အတ္တလန္တာအသင်းဆီ တင်သွင်းခဲ့ပေမဲ့ အငြင်းခံလိုက်ရပါတယ်။

ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်ဟာ အသက် ၁၈ နှစ်အရွယ် ကစားသမားလေးအတွက် ယူရို ၃၄ သန်း (ပေါင် ၃၀ သန်း) ဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပေမဲ့ အတ္တလန္တာဘက်က ချက်ချင်းဆိုသလို ပယ်ချခဲ့တာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ကျွမ်းကျင်သူ နီကိုလိုရှီရာရဲ့ အဆိုအရ အတ္တလန္တဟာ အာဟန်နော်ရဲ့ တန်ကြေးကို ယူရို ၄၀ သန်းနဲ့ ၄၅ သန်းကြား သတ်မှတ်ထားတာကြောင့် ဘရိုက်တန်အနေနဲ့ ဆွေးနွေးမှုတွေ ရှေ့ဆက်နိုင်ဖို့အတွက် ကမ်းလှမ်းမှုကို သိသိသာသာ တိုးမြှင့်ဖို့ လိုအပ်နေပါတယ်။

အာဟန်နော်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဂျီနိုအာကနေ အတ္တလန်တာကို ယူရို ၂၀ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး သမိုင်းတစ်လျှောက် ဈေးအကြီးဆုံး အီတလီလူငယ်ကစားသမားတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းကြီးထဲကို စတင်ဝင်ရောက်လာပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူဖြစ်ကာ စီးရီးအေ ၂၂ ပွဲ၊ ချန်ပီယံလိဂ် ၉ ပွဲနဲ့ ကိုပါအီတလီဖလား ၄ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။