ရော်နယ်ဒိုရဲ့ဂိုးတွေနဲ့အတူ ဥဇဘက်ကို ဂိုးပြတ်အနိုင်ယူနိုင်ခဲ့တဲ့ ပေါ်တူဂီ
ပေါ်တူဂီ ၅ - ၀ ဥဇဘက် (ပွဲပြီးရလဒ်)
ဒီအာကွန်ဂိုနဲ့အဖွင့်ပွဲတုန်းက ရုန်းကန်ခဲ့ရပြီး သရေတစ်မှတ်သာရခဲ့တဲ့ ပေါ်တူဂီအသင်းဟာ ယနေ့ည ဥဇဘက်နဲ့ပွဲမှာတော့ ရော်နယ်ဒိုဦးဆောင်တဲ့တိုက်စစ်က အစွမ်းပြပြီး ဂိုးပြတ်နိုင်ပွဲတစ်ခုဖန်တီးနိုင်ခဲ့ပါတယ်။
ပွဲအစောပိုင်းမှာတင် ပေါ်တူဂီတို့ နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့သလို နောက်ပိုင်းမှာလည်း ဦးဆောင်ဂိုးတွေဆက်တိုက်သွင်းပြီး ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။
GOATကြီး ရော်နယ်ဒိုလည်း နှစ်ဂိုးသွင်းနိုင်ခဲ့သလို ဟက်ထရစ်ရမယ့် အခွင့်အရေးတွေလည်းရခဲ့ပေမဲ့ အဆုံးသတ်ပိုင်းအားနည်းချက်ကြောင့် ဟက်ထရစ်ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။
ဥဇဘက်အသင်းကတော့ နှစ်ပွဲကဆက်ရှုံးပွဲကြောင့် အုပ်စုကမထွက်ရရေးအတွက် လက်ကျန် ဒီအာကွန်ဂိုနဲ့ပွဲကို အသည်းအသန်ကစားရတော့မှာ ဖြစ်ပါတယ်။