မော်ရိုကိုကြယ်ပွင့်ဘိုအာဒီကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ရီးရဲလ်မက်ဒရစ်
Sky Sport ရဲ့ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းက လိုင်လီအသင်းရဲ့ အသက် ၁၈ နှစ်အရွယ် ဘိုအာဒီကို ခေါ်ယူဖို့ အထူးစိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ကွင်းလယ်ပိုင်းအင်အားဖြည့်တင်းဖို့ ရှာဖွေနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက မော်ရိုကိုကစားသမားကို ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ သူတို့ရဲ့ထိပ်တန်းပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ စပိန်ကလပ်အသင်းရဲ့ကိုယ်စားလှယ်တွေက ဇွန် ၁၄ ရက်၊ ဘရာဇီးနဲ့ မော်ရိုကိုတို့ ထိပ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်အတွင်း ဘူအာဒီရဲ့ခြေစွမ်းကို စောင်ကြည့်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
လိုင်လီအသင်းရဲ့တာဝန်ရှိသူတွေဆီ တရားဝင်ကမ်းလှမ်းမှုတစ်စုံတစ်ရာ မပြုလုပ်သေးပေမဲ့ ရီးရဲလ်မက်ဒရစ်က လိုင်လီအသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသေးတဲ့ ကြယ်ပွင့်ကိုခေါ်ယူဖို့ အနည်းဆုံးယူရိုသန်း ၇၀ ဝန်းကျင်အထိ ပေးချေသွားမယ်လို့ သိရပါတယ်။
၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၊ နည်းပြဘရူနိုဂျီနီစီယိုရဲ့လက်အောက် ပြိုင်ပွဲစုံ ၄၂ ပွဲအထိ ပါဝင်ကစားခဲ့ပြီး ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ ဘိုအာဒီက ပြင်သစ်နိုင်ငံအစား မော်ရိုကိုနိုင်ငံကို ကိုယ်စားပြု ကစားပေးဖို့ ရွေးချယ်ခဲ့ပါတယ်။