ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ ပါရာဂွေးကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ပူးတွဲအိမ်ရှင်အမေရိကန်
အမေရိကန် ၄-၁ ပါရာဂွေး (ပွဲပြီးရလဒ်)
အခုပွဲစဉ်၊ အိမ်ကွင်းပရိသတ်ရှေ့မှောက် အမေရိကန်က ပါရာဂွေးကို အဖက်ဖက်မှအသာစီးရယူကစားခဲ့ပြီး ဂိုးပြတ်နိုင်ပွဲတစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ အမေရိကန်အတွက် ပထမပိုင်းပွဲချိန်အတွင်းမှာတင် ဘိုဘာဒီလာရဲ့ O.G၊ ဘာလိုဂန်က နှစ်ဂိုးသွင်းယူပေးခဲ့လို့ ဖိအားတွေ လျှော့ပါးသွားခဲ့တယ်။ ဒုတိယပိုင်းပွဲချိန်အတွင်း လူစားဝင်ကစားသမားမော်ရီစီယိုက ပါရာဂွေးအတွက် ဗွေဆော်ဦးချေပဂိုးကို သွင်းယူခဲ့ပေမဲ့ နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ လူစားဝင်တိုက်စစ်မှူးရေနာက အိမ်ရှင်တွေအတွက် အပိတ်ဂိုးကို သွင်းယူပေးခဲ့လို့ ပြတ်သားတဲ့ရလဒ်တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ပိုချက်တီနိုဦးဆောင်တဲ့အသင်းက ရှုံးထွက်အဆင့်တက်ရောက်ဖို့အတွက် အခြေအနေကောင်းသွားခဲ့ပါတယ်။