The network connection is lost.

Banner Image

ကမ္ဘာ့ဖလားဗိုလ်စွဲဖို့ အင်္ဂလန်အသင်း ရေပန်းစားနေတယ်ဆိုတဲ့ ယူဆချက်နဲ့ပတ်သက်လို့ သုံးသပ်ပြောကြားလိုက်တဲ့ တူချယ်

သောမတ်စ်တူချယ်က အင်္ဂလန်အသင်းကို ကမ္ဘာ့ဖလားချန်ပီယံဆုဆွတ်ခူးဖို့အတွက် ရေပန်းအစားဆုံးအဖြစ် သတ်မှတ်ဖို့ သင့်၊မသင့်နဲ့ပတ်သက်လို့ သူ့ရဲ့အမြင်ကို ပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်းက စပိန်၊ ပြင်သစ်တို့နဲ့အတူ အခုနွေရာသီ၊ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဆီ ဦးတည်လာတဲ့ အင်အားကြီးအသင်းတွေအနက် တစ်ခုဖြစ်တယ်ဆိုတာတော့ သံသယဖြစ်စရာမလိုပါဘူး။

အမေရိကန်ပြည်ထောင်စုရှိလောင်းကစားဒိုင်အချို့ကတော့ တူချယ်ရဲ့အသင်းကို ချန်ပီယံဖြစ်ဖို့အတွက် တတိယမြောက်ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ထားကြပါတယ်။

ကော်စတာရီကာအသင်းနဲ့ကစားမယ့် ခြေစမ်းပွဲမတိုင်ခင် တူချယ်က ဒီလို သတ်မှတ်ချက်တွေအပေါ် ငြင်းပယ်ခဲ့ပါတယ်။

"ရေပန်းအစားဆုံးအသင်းတွေ ဘယ်နှစ်သင်းလောက် ရှိနေလို့လဲ" လို့ သူက ဆိုပါတယ်။

"မဟုတ်ပါဘူး၊ ကျွန်တော်တို့က ထိပ်ဆုံးမှာ ရေပန်းစားနေတဲ့အသင်း မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ ဒီဆုဖလားကြီးကို မဆွတ်ခူးနိုင်ခဲ့တာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်လို့ အခုလို မသတ်မှတ်နိုင်ပါဘူး။ ပြိုင်ပွဲမှာ အောင်မြင်မှုတွေ ပိုမိုရရှိထားတဲ့ ချန်ပီယံဟောင်းတွေ ရှိပါသေးတယ်။"

"ကျွန်တော်တို့တွေ အပြိုင်အဆိုင်ကစားကြမယ်၊ အိပ်မက်တွေ အကြီးကြီးမက်ထားကြသလို ဘာတွေ လိုအပ်လဲဆိုတာကိုလည်း သိပါတယ်။ တာဝန်ယူမှုရှိရှိ ကြိုးစားသွားဖို့သာ အဓိကဖြစ်ပြီး ဒါကိုပဲ အာရုံစိုက်ထားပါတယ်"

"ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ပြိုင်ဘက်တွေ၊ စိန်ခေါ်သူတွေအဖြစ်သာ ရှုမြင်ထားပါတယ်။ အဝေးကြီးအထိ သွားချင်ပေမဲ့ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ရေပန်းအစားဆုံးအသင်းလို့ မယူဆပါဘူး။"

"ဒါက အင်္ဂလန်အသင်း ယူရိုဗိုလ်လုပွဲနှစ်ကြိမ်ရောက်ရှိခဲ့တာနဲ့ သေချာပေါက်သက်ဆိုင်မှုရှိပါတယ်။ တကယ်လို့ ခင်ဗျားက ယူရိုဗိုလ်လုပွဲ နှစ်ကြိမ်၊ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်နဲ့ ကွာတားဖိုင်နယ်တွေကို ရောက်ရှိခဲ့ဖူးရင် အဲဒီအဆင့်မှာရှိနေပြီဖြစ်သလို ခင်ဗျားလည်း ချန်ပီယံ ဖြစ်နိုင်ပါတယ်။"

"အဲဒီနောက်ပိုင်းမှာ ကံတရား သို့မဟုတ် တစ်ခုခု လိုအပ်လာပါလိမ့်မယ်။ ကျွန်တော်တို့ အဲဒီအဆင့်မှာ ရှိနေပြီလို့ ယုံကြည်ပေမဲ့ သမိုင်းကြောင်းအရတော့ ကျွန်တော်တို့က ရေပန်းအစားဆုံးအသင်း မဟုတ်ဘူးလို့ ယုံကြည်ပါတယ်"

"ကျွန်တော်တို့ ဘာတွေလိုအပ်လဲဆိုတာသိသလို တည်ငြိမ်တဲ့စိတ်ဓာတ်နဲ့ ကိုယ့်ရဲ့ခြေလှမ်းတွေအပေါ် အာရုံစိုက်ဖို့လည်း လိုအပ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ တောင်ထိပ်ကို ရောက်ချင်တယ်ဆိုရင် ခရီးစဉ်ကို တစ်ဆင့်ချင်းစီစတင်ဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ အာရုံပျံ့လွင့်သွားပါလိမ့်မယ်။"

"ကျွန်တော့်မှာ ယုံကြည်မှု ရှိပါတယ်။ ကျွန်တော်တို့အားလုံးမှာ ယုံကြည်မှုနဲ့ အိပ်မက်တစ်ခု ရှိကြပါတယ်။ ဒါပေမဲ့ ဒါက ကြိုးစားအားထုတ်မှု၊ တာဝန်ယူမှု၊ ပေးဆပ်မှု၊ စည်းကမ်းရှိမှုတွေနဲ့အတူ ရရှိလာမှာဖြစ်သလို တစ်ခါတစ်ရံမှာလည်း စိတ်ပျက်စရာတွေလည်း ရှိလာနိုင်ပါတယ်။"

"ဒါတွေအားလုံးက အစိတ်အပိုင်းတွေပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ အိပ်မက်မက်ရဲဖို့ လိုအပ်ပြီး ဒါက အရေးကြီးပါတယ်" လို့ သူက ဆိုပါတယ်။