The network connection is lost.

Banner Image

ဂျူဗင်တပ်စ်အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမယ့် ဗလာဟိုဗစ်

တိုက်စစ်မှူးဗလာဟိုဗစ်နဲ့ပတ်သက်လို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းမှထွက်ခွာသွားလိမ့်မယ်လို့ ဂျူဗင်တပ်စ်အသင်းက အတည်ပြုကြေညာခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်ကစားသမားက ၂၀၂၂ ခုနှစ်မှာ ဖီအိုရင်တီးနားမှ ဂျူဗင်တပ်စ်ဆီ ပြောင်းရွှေ့ကြေးယူရိုသန်း ၇၀ အပြင် အပိုထပ်ဆောင်းဆုကြေးယူရို ၁၀ သန်းဖြင့် ရောက်ရှိလာခဲ့ပါတယ်။

ဗလာဟိုဗစ်ရဲ့ဂျူဗင်တပ်စ်ကစားသမားဘဝက အများမျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘဲ ပြိုင်ပွဲစုံ ၁၆၈ ပွဲကစားရာမှာ ၆၈ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းရဲ့ ဘောလုံးနည်းဗျူဟာပိုင်းဆိုင်ရာဒါရိုက်တာဂျော်ဂျီယိုကီလီနီကတော့ ဇွန်လကုန်မ၊ စာချုပ်သက်တမ်းပြည့်မြောက်ပြီးနောက် ဗလာဟိုဗစ် ထွက်ခွာသွားလိမ့်မယ်လို့ အတည်ပြုခဲ့ပါတယ်။

"ကျွန်တော် တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်၊ သူဟာ နောက်ဆုံးမိနစ်အထိ ဂျူဗင်တပ်စ်အပေါ် အလေးထားခဲ့ပါတယ်။ သူဟာ တကယ့်ကို ပရော်ဖက်ရှင်နယ်ဆန်တဲ့သူပါ" လို့ ကီလီနီက ပြောကြားခဲ့ပါတယ်။

"ဒီလိုတောင်းဆိုမှုတွေကြောင့် အီတလီမှာ ဗလာဟိုဗစ် ဆက်မရှိနေတော့ပါဘူး။ ဒါကြောင့် သူ့အတွက် ပိုမိုမြင့်မားတဲ့လစာနှုန်းထားမျိုး ရှာဖွေတယ်ဆိုတာ လျော်ကန်မျှတပါတယ်"လို့ ဆက်ပြောခဲ့ပါတယ်။

ဆားဘီးယားလက်ရွေးစင်တိုက်စစ်မှူးက ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ချဲလ်ဆီး၊ အက်စတွန်ဗီလာ၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။