The network connection is lost.

Banner Image

ဘင်ဖီကာရဲ့အပြင်းအထန်စိတ်ဝင်စားမှုရှိနေချိန် ဖူလ်ဟမ်မှာ ဆက်ရှိမလားဆိုတာ ဆုံးဖြတ်ရတော့မယ့် မာကိုဆေးလ်ဗား

မော်ရင်ဟိုက ဘင်ဖီကာရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းနည်းပြသစ်ဖြစ်လာဖို့ နီးစပ်နေပါတယ်။ ဒါကြောင့် ဘင်ဖီကာအသင်းက မော်ရင်ဟိုရဲ့နေရာမှာ အစားထိုးဖို့အတွက် မာကိုဆေးလ်ဗားကို အလိုရှိနေပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြကြီးရဲ့နေရာမှာ အစားထိုးဖို့ ဘင်ဖီကာအသင်းက ဆေးလ်ဗားကို ပစ်မှတ်ထားနေတာ အတော်ကြာပါပြီ။ ဖူလ်ဟမ်နည်းပြဆေးလ်ဗားက ဘင်ဖီကာအသင်းနဲ့ နှစ်နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီဆိုတဲ့ ကောလာဟလတွေတောင် ထွက်ပေါ်ခဲ့ပါသေးတယ်။

အသက် ၄၈ နှစ်အရွယ်ဆေးလ်ဗားက လောလောဆယ်မှာတော့ ဖူလ်ဟမ်အသင်းကို ဆက်လက်တာဝန်ယူထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့စာချုပ်က လာမယ့်လမှာ သက်တမ်းကုန်ဆုံးဖို့ရှိနေလို့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အခုသီတင်းပတ်အတွင်းမှာ ပရီးမီးယားလိဂ်ကလပ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ Sky Sports သတင်းမှာ ဖော်ပြထားပါတယ်။

အကယ်၍ သူသာ ငါးနှစ်ကြာ တာဝန်ယူခဲ့တဲ့ အနောက်လန်ဒန်အခြေစိုက်ကလပ်မှ ထွက်ခွာဖို့ ဆုံးဖြတ်ရင် ဘင်ဖီကာအသင်းက သူ့ကိုခေါ်ယူဖို့ အလားအလာအရှိဆုံး ဖြစ်နေပါတယ်။ ဒါ့အပြင် မန်ယူနည်းပြဟောင်း အမော်ရင်ကိုလည်း ဘင်ဖီကာက စောင့်ကြည့်နေပါသေးတယ်။

ဆေးလ်ဗားက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဖူလ်ဟမ်နဲ့အတူ အောင်မြင်မှုရယူနိုင်ခဲ့ပြီး ရာသီပိတ်ပွဲစဉ်အဖြစ် နယူးကာဆယ်ကိုအနိုင်ယူကာ အမှတ်ပေးဇယားအဆင့်-၁၁ နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပါတယ်။

ဖူလ်ဟမ်အသင်းဘက်ကလည်း ပေါ်တူဂီလူမျိုးနည်းပြကြီးကို အကျိုးခံစားခွင့် အများအပြားပါဝင်တဲ့ စာချုပ်သစ်နဲ့ ကမ်းလှမ်းထားတာ ကြာပါပြီ။ ဒါပေမဲ့ ဆေးလ်ဗားကတော့ အသင်းမှထွက်ခွာဖို့ နီးစပ်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်။