The network connection is lost.

Banner Image

စည်းလုံးမှုမရှိခြင်းနဲ့ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ရာသီကုန်မှာ နာပိုလီမှထွက်ခွာမယ်လို့ အတည်ပြုလိုက်တဲ့ ကွန်တီ

နာပိုလီအသင်းနည်းပြကွန်တီက မာရာဒိုနာကွင်းမှာ နှစ်ရာသီကြာဖြတ်သန်းခဲ့တဲ့ အချိန်တွေကို အဆုံးသတ်ပြီး အသင်းမှထွက်ခွာတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။

အီတာလျံလူမျိုးနည်းပြက အသင်းအတွင်း စည်းလုံးမှုမရှိတာနဲ့ ပတ်ဝန်းကျင်အခြေအနေတွေ ပျက်ယွင်းနေတာကြောင့် လွန်ခဲ့တဲ့တစ်လမှာကတည်းက ရာထူးမှနုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ 

စီးရီးအေရာသီပိတ်ပွဲစဉ်အဖြစ် အူဒီးနီးစ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ချဲလ်ဆီးနည်းပြဟောင်း ကွန်တီက ဒီတာဝန်ကို ဆက်လက်ထမ်းဆောင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ သူက အသင်းရဲ့ကန့်လန့်ကာနောက်ကွယ်အခြေအနေတွေကို ကိုင်တွယ်ရတာ ပိုမိုခက်ခဲလာတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

"နာပိုလီမှာ ကျွန်တော့်အတွက် တစ်ခုပဲ ရှုံးနိမ့်ခဲ့တယ်၊ အဲ့ဒါကတော့ အသင်းကို စည်းလုံးအောင် မလုပ်နိုင်ခဲ့တာပါပဲ။ အသင်းသားတွေ စည်းလုံးမှုမရှိရင် တခြားအသင်းတွေကို ယှဉ်ပြိုင်ဖို့ဆိုတာ ခက်ခဲသွားပါပြီ။ အသင်းမှာ အဆိပ်အတောက်တွေ အများကြီးတွေ့ခဲ့ရသလို ဒါတွေကို ဖြန့်ဝေနေတဲ့သူတွေဆိုတာလည်း အရှုံးသမားတွေပါပဲ။ နာပိုလီက ဒီလိုကျရှုံးနေသူမျိုးတွေကို မလိုအပ်သလို 'Like' ရဖို့ပဲ ချောင်းနေတဲ့သူတွေကိုလည်း မလိုအပ်ပါဘူး။ လက်မှတ်ဝယ်ပြီး အားပေးတဲ့ ပရိသတ်တွေလိုမျိုး အသင်းကို စိတ်ရောကိုယ်ပါတကယ်ချစ်တဲ့သူတွေကိုပဲ လိုအပ်ပါတယ်။ ဒီလိုအဆိပ်အတောက်ဖြစ်စေတဲ့လူတွေက အသင်းကို ထိခိုက်စေလို့ ဝေးဝေးမှရှောင်ကျဉ်သင့်ပါတယ်။ ဒီအချက်ကြောင့်ပဲ ကျွန်တော် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီပတ်ဝန်းကျင်ကို ဘယ်တော့မှ စည်းလုံးအောင် လုပ်နိုင်မှာမဟုတ်ဘူးဆိုတာ နားလည်သွားခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ စည်းလုံးမှုက အခြေခံအကျဆုံးဖြစ်လို့ အခုတော့ လက်လျှော့လိုက်ပါပြီ" လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။