The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲအဆင့်ဆီ တက်လှမ်းလာတဲ့ လက်ရှိချန်ပီယံပီအက်စ်ဂျီ

ဘိုင်ယန်မြူးနစ် ၁-၁ ပီအက်စ်ဂျီ (ပွဲပြီးရလဒ်) (နှစ်ကျော့ပေါင်းရလဒ် ၅-၆ ဂိုး) 

ဂျာမန်မြေဆီ လာရောက်ကစားရတဲ့ ပွဲစဉ်မှာ လက်ရှိချန်ပီယံပီအက်စ်ဂျီက ပြိုင်ဘက်ဘိုင်ယန်မြူးနစ်ကိုသရေကစားပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်ဆီ ထိုက်ထိုက်တန်တန်တက်လှမ်းသွားပါတယ်။ အခုပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်အစောပိုင်းမှာတင် ပီအက်စ်ဂျီအတွက် ဦးဆောင်ဂိုးကို ဒမ်ဘီလီက သွင်းယူပေးခဲ့လို့ ဧည့်သည်တို့ ဖိအားတွေ အတန်အသင့်လျှော့ချနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အိမ်ရှင်တွေက လိုအပ်နေတဲ့သွင်းဂိုးတွေရှာဖွေဖို့ တိုက်စစ်မြှင့်ကစားခဲ့ပေမဲ့ ဒုတိယပိုင်းနာကျင်အချိန်ပို၊ တိုက်စစ်မှူးဟယ်ရီကိန်းရဲ့တစ်လုံးတည်းသောချေပဂိုးနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် နည်းပြလူးဝစ်အင်းနရစ်ရဲ့အသင်းက မေ ၃၀ ရက်၊ ဘူဒါပတ်စ်ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အာဆင်နယ်နဲ့ရင်ဆိုင်ရင်း လက်ရှိချန်ပီယံဘွဲ့ကိုထိန်းသိမ်းနိုင်ဖို့ အခွင့်အရေးရရှိသွားပါတယ်။