The network connection is lost.

Banner Image

လိဒ်စ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့သမိုင်းတွေအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဖာကီ

လိဒ်စ်ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဒန်နီယယ်ဖာကီက ဒီနေ့မှာကစားမယ့် ချယ်လ်ဆီးနဲ့ FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင် အသင်းရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ သမိုင်းကြောင်းတွေကို သူကောင်းကောင်းသိရှိထားတယ်လို့ ပြောကြားလိုက်ပါတယ်။

အကယ်၍ ဒီပွဲမှာသာ အနိုင်ရခဲ့ရင် လိဒ်စ်အသင်းဟာ ၅၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

"မင်းသာ လိဒ်စ်ယူနိုက်တက်ရဲ့ နည်းပြဖြစ်ချင်တယ်ဆိုရင် ဒီအသင်းအကြောင်းကို နားလည်အောင် အရင်လုပ်ရပါမယ်" လို့ အသင်းမှာ တတိယမြောက်ရာသီကို ဖြတ်သန်းနေတဲ့ ဖာကီက ဆိုပါတယ်။

"ဒီကိုရောက်လာပြီးတော့ 'ငါက အသင်းထက် ပိုကြီးကျယ်တယ်၊ မင်းတို့ကို ဘောလုံးအကြောင်းနဲ့ အသင်းတစ်သင်း ဘယ်လိုလည်ပတ်ရမလဲဆိုတာ ငါသင်ပေးမယ်' ဆိုတဲ့ စိတ်မျိုး ထားလို့မရပါဘူး။ ဒီလောက် အစဉ်အလာကြီးမားပြီး စိတ်အားထက်သန်မှုတွေ၊ ခံစားချက်တွေ ပြည့်နှက်နေတဲ့ အသင်းကြီးအတွက် မင်းဘက်က စိတ်နှလုံးဖွင့်မထားဘူးဆိုရင် ဒီမှာ အောင်မြင်ဖို့ ဘယ်လိုမှ အခွင့်အရေးရှိမှာ မဟုတ်ပါဘူး။"

"နည်းပြတွေ၊ ကစားသမားတွေတင်မကဘူး၊ အားကစားဒါရိုက်တာတွေနဲ့ ဘုတ်အဖွဲ့ဝင်တွေတောင် တစ်ယောက်ပြီးတစ်ယောက် ရောက်လာလိုက်၊ ထွက်သွားလိုက်ပါပဲ။ ဘယ်သူမှ အသင်းထက် မကြီးကျယ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်က 'ကိုယ့်ထက် အသင်းကို အရင်ဦးစားပေးဖို့' ဖြစ်ပြီး ဒါကိုပဲ မင်းနားလည်ထားရပါမယ်။ အသင်းရဲ့ ဖြစ်တည်မှုကို တန်ဖိုးထားရမယ်၊ အသင်းရဲ့ အနှစ်သာရ (DNA) ကို မပြောင်းလဲပါနဲ့၊ အသင်းကို အောင်မြင်စေခဲ့တဲ့ အရာတွေကိုလည်း မဖျက်ဆီးပါနဲ့။ ဒီအသင်းရဲ့ အကြီးမားဆုံး အနှစ်သာရတွေထဲက တစ်ခုဖြစ်တဲ့ ပရိသတ်တွေကိုလည်း ဘယ်တော့မှ လျစ်လျူမရှုပါနဲ့" လို့ ၎င်းက ဆက်ပြောပါတယ်။

ဒါ့အပြင် ဖာကီက "မင်းလုပ်ချင်တာကိုပဲ ဇွတ်လုပ်နေတာမျိုး မဟုတ်ဘဲ အသင်းသားတွေ စည်းလုံးအောင် လုပ်ပေးရမယ်၊ အသင်းနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကိုယ့်ဘက်က ညှိယူရပါမယ်။ အသင်းက မင်းနောက်ကို လိုက်ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလိုပြောလို့ လေတိုက်ရာ ယိမ်းနေတဲ့ အလံတစ်ခုလို ဖြစ်နေရမယ်လို့ ဆိုလိုတာ မဟုတ်ပြန်ပါဘူး။ အထူးသဖြင့် ဒီလိုအသင်းမျိုးမှာဆိုရင် မင်းလက်ကိုင်ထားတဲ့ တန်ဖိုးထားမှုတွေ၊ ကစားကွက်မူဝါဒတွေအပေါ်မှာ ကောင်းမွန်တဲ့ဘက်ကနေ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ လိုအပ်ပါတယ်၊ ဒါမှသာ စိတ်ခံစားချက်နောက်ကို အရမ်းပါမသွားမှာပါ။ မင်းရဲ့ ယုံကြည်ချက်တွေမှာ ခိုင်မာနေဖို့ လိုသလို၊ တစ်ခါတလေမှာလည်း ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေအတွက် ဒိုင်းတစ်ခုလို ကာကွယ်ပေးဖို့ လိုပါတယ်" လို့ ရှင်းပြခဲ့ပါတယ်။

"လိဒ်စ်ယူနိုက်တက်ရဲ့ အနှစ်သာရကို နားမလည်ရင်တော့ နည်းပြဖြစ်ဖြစ်၊ ကစားသမားဖြစ်ဖြစ်၊ ဝန်ထမ်းဖြစ်ဖြစ်၊ အသင်းပိုင်ရှင်ပဲဖြစ်ဖြစ် ဘယ်သူမှ ဒီအသင်းမှာ မအောင်မြင်နိုင်ပါဘူး။ ကျွန်တော်တို့ကတော့ အသင်းရဲ့ သမိုင်းကြောင်းကို အပြည့်အဝ သိထားပါတယ်။ လိဒ်စ်ယူနိုက်တက် အင်္ကျီကို ဝတ်ဆင်ထားပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ သူရဲကောင်း (စီနီယာကစားသမားဟောင်း) တွေ လုပ်ဆောင်ခဲ့သလိုမျိုး အသင်းကို အကောင်းဆုံး ကိုယ်စားပြုဖို့ တာဝန်ရှိပါတယ်" လို့ ဖာကီက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။