The network connection is lost.

Banner Image

ဘာစီလိုနာကို သူ့ရဲ့နောက်ဆုံးအသင်းဖြစ်စေချင်တယ်လို့ ဖလစ် ဖွင့်ဟ

ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဟန်ဆီဖလစ်က အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ရည်ရွယ်ထားကြောင်း ကြေညာလိုက်ပါတယ်။

ဖလစ်ရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ၁၂ လအထိ ကျန်ရှိနေသေးပေမဲ့ ဘာစီလိုနာအသင်း တာဝန်ရှိသူတွေဘက်ကတော့ သူ့ကို စာချုပ်သစ်တစ်ခုနဲ့ အမြန်ဆုံး ချုပ်ဆိုထားချင်နေကြတာပါ။

ဂျာမန်လူမျိုးနည်းပြကြီးက "ကျွန်တော့်ရဲ့ အစီအစဉ်ကတော့ စာချုပ်သက်တမ်းတိုးဖို့ပါပဲ။ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါဟာ ကျွန်တော့်ရဲ့ နည်းပြဘဝ နောက်ဆုံးခြေလှမ်း ဖြစ်လာပါလိမ့်မယ်။ အခု လက်ရှိမှာ ကျွန်တော် အရမ်းကို အဆင်ပြေနေပါတယ်။ စာချုပ်သစ် ချုပ်ဆိုချင်ပေမဲ့ အခုကတော့ ဒါကို အသေးစိတ် ဆွေးနွေးရမယ့် အချိန်မဟုတ်သေးပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

ဆဲလ်တာဗီဂိုနဲ့ ကစားမယ့် လာလီဂါပွဲစဉ်မတိုင်ခင်မှာလည်း ဖလစ်က "အခုအချိန်မှာ ကျွန်တော်တို့အတွက် လာလီဂါပြိုင်ပွဲတစ်ခုပဲ ကျန်ပါတော့တယ်။ စိတ်အပန်းပြေစေဖို့ ရက်အနည်းငယ် နားခဲ့ကြပါတယ်။ အသင်းရဲ့ အခြေအနေကတော့ အရမ်းကို ကောင်းမွန်နေပါတယ်၊ ဒါပေမဲ့ ဒါကို ကွင်းထဲမှာ လက်တွေ့အကောင်အထည်ဖော်ပြီး အကောင်းဆုံး ပုံစံနဲ့ ကစားနိုင်ဖို့ လိုအပ်ပါတယ်။"

"ရှုံးနိမ့်မှုတွေနဲ့ ပွဲစဉ်တိုင်းဆီကနေ ကျွန်တော်တို့ သင်ခန်းစာယူရပါမယ်။ လက်ရှိမှာ အသင်းက စိတ်ဓာတ်ပိုင်းဆိုင်ရာ အလွန်ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ကျွန်တော် ခံစားရပါတယ်" လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။