The network connection is lost.

Banner Image

မန်စီးတီးကွင်းလယ်ကြယ်ပွင့် ရီကိုလူးဝစ်ကိုစောင့်ကြည့်နေတဲ့ နယူးကာဆယ်

နယူးကာဆယ်ယူနိုက်တက်အသင်းဟာ မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ရီကိုလူးဝစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

ChronicleLive ရဲ့ ဖော်ပြချက်အရ နယူးကာဆယ်ဟာ လာမယ့်နွေရာသီမှာ သူတို့ရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အလိုရှိနေပြီး လူးဝစ်ကိုလည်း သူတို့ရဲ့ အလိုရှိဆုံးကစားသမားစာရင်းထဲမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

လူးဝစ်ဟာ ဒီရာသီမှာ မန်စီးတီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့် အခွင့်အရေးတွေ နည်းပါးလာနေပြီး အသင်းရဲ့ လူငယ်အကယ်ဒမီထွက် ကစားသမားလေးအတွက် ကမ်းလှမ်းမှုတွေကို မန်စီးတီးဘက်က လက်ခံသွားဖို့ ရှိနေတယ်လို့လည်း ဆိုပါတယ်။

မန်စီးတီးနဲ့ ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ လူးဝစ်အတွက် အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ ဝန်းကျင် သတ်မှတ်ထားပါတယ်။

 ကွင်းလယ်အပြင် နောက်ခံလူအဖြစ်ပါ ကစားနိုင်တဲ့ ဒီကစားသမားဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၅ ပွဲအထိ ပါဝင်ကစားပေးထားသူလည်း ဖြစ်ပါတယ်။