The network connection is lost.

Banner Image

အခက်ခဲဆုံးအချိန်ရောက်ရှိနေပေမဲ့ ဘတ်စ်တိုနီရဲ့တန်ဖိုး ကျဆင်းသွားမှာမဟုတ်ဘူးလို့ ထောက်ခံပေးလိုက်တဲ့ အင်တာနည်းပြဟောင်း စထရာမာချီယိုနီ

အင်တာမီလန်နည်းပြဟောင်းစထရာမာချီယိုနီက အခုနိုင်ငံတကာသီတင်းပတ်၊ အီတလီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးရင်း အနီကတ်ပြစ်ဒဏ်ရရှိခဲ့တဲ့ ဘတ်စ်တိုနီကို အခက်ခဲဆုံးအခြေအနေမှ ပြန်လည်ရုန်းထွက်နိုင်မယ့်သူလို့ ယုံကြည်နေပါတယ်။

ဂျူဗင်တပ်စ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်အတွင်း ကာလူလူနဲ့ အငြင်းပွားစရာဖြစ်ရပ် ဖြစ်ပွားပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာတင် ဘတ်စ်တိုနီက ဘော့စနီးယားကို ရှုံးနိမ့်ခဲ့တဲ့ အီတလီရဲ့အရေးကြီးကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ အနီကတ်ပြစ်ဒဏ် ထိခဲ့ပါတယ်။

အခုမျိုး အဆင်မပြေမှုတွေမှ ခံစစ်မှူးဘတ်စ်တိုနီ ပြန်လည်နာလန်ထူနိုင်ပါ့မလားလို့ မေးမြန်းရာမှာတော့ စထရာမာချီယိုနီက "ဘတ်စ်တိုနီဆိုတာ ထက်မြက်တဲ့လူသားတစ်ဦးပါ။ အခုလိုဖျက်ထုတ်တဲ့ပုံစံမျိုးပြုလုပ်မှုက အမှားတစ်ခုဆိတုာ သူကိုယ်တိုင်လည်း သိပါတယ်။"

"ကျွန်တော့်အမြင်မှာတော့ သူ့ရဲ့ အကောင်းဆုံးနေရာက ဗဟိုခံစစ်ရဲ့ ဘယ်ဘက်ခြမ်း ဖြစ်ပါတယ်။ အဲဒီနေရာမှာဆိုရင် သူခြေစွမ်းပြနိုင်ပြီး ဘာစီလိုနာကလည်း အဲဒီနေရာမှာ ကစားနိုင်လို့ သူ့ကို စိတ်ဝင်စားနေတာပါ။ ခံစစ်သုံးယောက်တန်းရဲ့ အလယ် ဒါမှမဟုတ် လေးယောက်တန်းရဲ့ ညာဘက်ခြမ်းမှာ ကစားရတာက သူနဲ့ သိပ်မကိုက်ညီပေမဲ့ အသင်းအတွက် လိုအပ်ချက်အရ သူကစားခဲ့ရတာပါ။"

ဒါပေမဲ့ ဒါဟာ သူ့ရဲ့တန်ဖိုးကို ပြောင်းလဲသွားစေမှာ မဟုတ်ပါဘူး" လို့ La Gazzetta dello Sport ဆီ ဖြေကြားခဲ့ပါတယ်။ 

အီတလီအသင်းရဲ့ အခုလို ရလဒ်ဆိုးတွေက လက်ကျန်ရာသီပွဲစဉ်တွေမှာ အင်တာမီလန်ကစားသမားတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲလို့ မေးမြန်းရာမှာတော့ "ဒီမာကို၊ ဘာရယ်လာနဲ့ ဘတ်စ်တိုနီတို့က အင်တာမီလန်အတွက်ရော အီတလီအသင်းအတွက်ပါ အဓိကကျတဲ့သူတွေ ဖြစ်ပါတယ်။"

"သူတို့ကာ စီးရီးအေမှာ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရပြီး ဘတ်စ်တိုနီဆိုလည်း ဖလောရင့်စ်ပွဲစဉ်ကိုတောင် လွဲချော်ခဲ့ရသလို အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့ပါဘူး။"

"တကယ်လို့ သူတို့တွေဟာ အကောင်းဆုံးအနေအထားမှာ ရှိမနေရင် အီတလီအသင်းရဲ့အဓိကကျောရိုးပိုင်းကို ထိခိုက်စေပါလိမ့်မယ်။ အင်တာမီလန်ကစားသမားတွေတင်မကဘဲ အီတလီကစားသမားအားလုံးအတွက် ဒီအခက်အခဲတွေကို မေ့ပျောက်ပြီး အသစ်မှ ပြန်စဖို့ဆိုတာ မလွယ်ကူပါဘူး" လို့ စထရာမာချီယိုနီက ထပ်လောင်းပြောကြားခဲ့ပါတယ်။