The network connection is lost.

Banner Image

ပါတီဇန်ဘဲဂရိတ်လူငယ်ကြယ်ပွင့်ကိုစတစ်ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့တဲ့ အေစီမီလန်

အေစီမီလန်အသင်းက ပါတီဇန်ဘဲဂရိတ်အသင်းလူငယ်ကြယ်ပွင့် အန်ဒရေးကိုစတစ်ကို အပြီးသတ်ခေါ်ယူလိုက်နိုင်ပါပြီ။

အသက် ၁၉ နှစ်အရွယ်ကိုစတစ်က ပါတီဇန်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိနေပြီး အခုနွေရာသီ၊ အေစီမီလန်ဆီ ပြောင်းရွှေ့တော့မယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြထားပါတယ်။

ရိုမာနိုက "ပါတီဇန်ဘဲလ်ဂရိတ်ကစားသမားအန်ဒရေးကိုစတစ်ကို အပြီးသတ်စာချုပ်နဲ့ ခေါ်ယူဖို့ အေစီမီလန်အသင်း သဘောတူညီမှု ရရှိသွားပါပြီ။ အသက် ၁၉ နှစ်အရွယ်ပါရမီရှင်တိုက်စစ်မှူးလေးကို ကလပ်အသင်းတော်တော်များများ  လိုချင်ခဲ့ကြပေမဲ့ အေစီမီလန်ကတော့ ဒီနေ့မှာပဲ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်" လို့ ဆိုပါတယ်။

သတင်းထောက်လူကာမာနီနက်တီရဲ့ဖော်ပြချက်အရ ကိုစတစ်က တနင်္ဂနွေနေ့မှာ ဆေးစစ်မှုခံယူဖို့ မီလန်မြို့ဆီ ရောက်ရှိလာခဲ့ပြီ အပြောင်းအရွှေ့ကိစ္စ အားလုံး အောင်မြင်ပြီးမြောက်သွားပြီလို့ သိရပါတယ်။