အယ်လ်ဗာရက်ဇ်ကို မရရှိခဲ့ပါက အရန်အစီအစဉ်အဖြစ် ဂါလာတာစာရေးတိုက်စစ်မှူး အိုစီမန်ကို ဘာစီလိုနာ မျက်စိကျနေ
ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဂျူလီယန် အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ အဆင်မပြေခဲ့ရင် အရန်ရွေးချယ်မှုတစ်ခုအနေနဲ့ ဂါလာတာစာရေးတိုက်စစ်မှူး ဗစ်တာ အိုစီမန်ကို စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရောဘတ် လီဝန်ဒေါစကီးက အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်တာကြောင့် ဘာစီလိုနာဟာ တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုတာ အများသိပြီးသား ဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ် အယ်လ်ဗာရက်ဇ်ဟာ ဘာစီလိုနာရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်တယ်လို့ နားလည်ထားကြပေမဲ့ အက်သလက်တီကို မက်ဒရစ်အသင်းဘက်ကတော့ သူ့ကို လွယ်လွယ်ကူကူ ဒါမှမဟုတ် ဈေးပေါပေါနဲ့ လက်လွှတ်မှာ မဟုတ်ပါဘူး။ စပိန်သတင်းဌာန Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ ဂါလာတာစာရေးအသင်းက အိုစီမန်ကို အရန်အစီအစဉ်တစ်ခုအနေနဲ့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အိုစီမန်ဟာ တူရကီထိပ်တန်းကလပ်အတွက် ဒီရာသီမှာလည်း ထူးထူးခြားခြား ခြေစွမ်းပြနေပြီး ၂၉ ပွဲကစားထားရာမှာ ၁၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ပေးထားပါတယ်။