The network connection is lost.

Banner Image

ခရီမိုနိစ်နည်းပြဖြစ်လာတဲ့ အက်ရှ်လေကိုးလ်အတွက် ဝမ်းသာဂုဏ်ယူမိကြောင်းဖွင့်ဟလာတဲ့ လီကာစနေ

ခရီမိုနိစ်အသင်းရဲ့ နည်းပြချုပ်တာဝန်ကို အက်ရှ်လေကိုး လက်ခံရယူလိုက်တဲ့အပေါ် လီကာစလေက ဝမ်းသာဂုဏ်ယူနေပါတယ်။

အက်ရှ်လေကိုးဟာ အီတလီစီးရီးဘီကလပ် ခရီမိုနိစ်အသင်းဆီ ပြီးခဲ့တဲ့အပတ်က မပြောင်းရွှေ့ခင်အထိ အင်္ဂလန် ယူ-၂၁ အသင်းမှာ လီကာစလေရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ချယ်လ်ဆီးဂန္ထဝင်ကစားသမားကြီးနဲ့ ပတ်သက်ပြီး လီကာစလေက "သူ့မှာ ကိုယ်ပိုင်အသင်းတစ်သင်းကို ဦးဆောင်ချင်တဲ့ စိတ်ဆန္ဒတွေ ပြင်းပြနေပြီး ဒါကို တကယ်တမ်း လက်တွေ့အကောင်အထည်ဖော်ဖို့လည်း အားခဲထားတာပါ။ တခြားသူတွေ အခွင့်အရေးတွေ ရနေချိန်မှာ သူကိုယ်တိုင် အခွင့်အရေးမရသေးတာကြောင့် တစ်ခါတလေ သူ စိတ်ပျက်နေတာမျိုးကိုလည်း ကျွန်တော် သတိထားမိခဲ့ပါတယ်။ အခုလိုမျိုး နည်းပြလုပ်ခွင့်ရခဲ့တာဟာ တကယ်ကို ကောင်းမွန်တဲ့ ကိစ္စပါ။

ကျွန်တော် သူနဲ့ နေ့တိုင်းနီးပါး စကားပြောဖြစ်ပြီး သူဟာ ရရှိလာတဲ့ အခွင့်အရေးအတွက်လည်း တကယ့်ကို စိတ်လှုပ်ရှားတက်ကြွနေပါတယ်။ သူ့မှာ အတွေ့အကြုံကောင်းတွေ ရှိခဲ့ပေမဲ့ နည်းပြချုပ်တစ်ယောက်ဖြစ်ဖို့တော့ နည်းနည်းလေး ပိုစောင့်ခဲ့ရတယ်လို့ ပြောရမှာပါ။ သူဟာ အခြေခံကစပြီး အားလုံးကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့သလို နည်းပြတစ်ယောက်ဖြစ်လာဖို့အတွက်လည်း တကယ့်ကို စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားသူပါ" လို့ ပြောကြားသွားခဲ့ပါတယ်။