အင်္ဂလန်အသင်းလူစာရင်းမှာ အာနိုးလ်မပါဝင်လာလို့ အလွန်အံ့အားသင့်နေတဲ့ လီဗာပူးဂန္ထဝင်ဂျရတ်
လီဗာပူးဂန္ထဝင်ကစားသမားစတီဗင်ဂျရတ်က အာနိုးလ်ကို ချန်လှပ်ခဲ့တဲ့ အင်္ဂလန်နည်းပြသောမတ်စ်တူချယ်ရဲ့ဆုံးဖြတ်ချက်ကို အံ့အားသင့်နေခဲ့ပါတယ်။
အခုနိုင်ငံတကာသီတင်းပတ်ခြေစမ်းပွဲစဉ်တွေအတွက် ကစားသမား ၃၅ ဦးပါ လူစာရင်းကို ရွေးချယ်ရာမှာ တူချယ်က ရီးရဲလ်မက်ဒရစ်နောက်ခံလူအာနိုးလ်ကို လျစ်လျူရှုခဲ့ပြီး စကောက်ဆာသားအတွက် ယခုနွေရာသီကမ္ဘာ့ဖလားပြိုင်ပွဲနဲ့လွဲချော်မယ့် အရိပ်အယောင်တွေကို ပြသခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ သူ့ရဲ့တုံ့ပြန်မှုကို မေးမြန်းရာတွင် ဂျရတ်က "အလွန်အံ့ဩမိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"နားထောင်ပါ၊ ညာနောက်ခံလူနေရာအတွက် ကောင်းမွန်တဲ့ရွေးချယ်မှုတွေ ရှိပါတယ်။ ကျွန်တော့်အမြင်အရ ရီစီဂျိမ်းစ်ဆိုရင်လည်း ကမ္ဘာ့အဆင့် ဖြစ်ပါတယ်။ လီဗရာမန်တိုမှာ ဒဏ်ရာပြဿနာအနည်းငယ်ရှိပေမယ့် သူက ခံစစ်အစွန်နှစ်ဖက်လုံးမှာ ကစားနိုင်ပါတယ်။"
"ရွေးချယ်မှုကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် အာနိုးလ်က ဒီနိုင်ငံရဲ့ အကောင်းဆုံး ကစားသမား ၃၅ ယောက်ထဲမှာ ပါဝင်နေသလားဆိုရင် ဟုတ်ပါတယ်၊ သူပါဝင်နေပါတယ်။
"ပြီးတော့ စိတ်ပျက်စရာကောင်းလောက်အောင် ခံစစ်ပိတ်ကစားတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ရချိန် အင်္ဂလန်အသင်းအတွက် တိုက်စစ်ဖွင့်ကစားရမယ့် ပွဲစဉ်တွေ ရှိလာနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အာနိုးလ်က အရန်ခုံတန်းမှဆင်းလာပြီး ဘောလုံးပေးပို့မှုတစ်ခုတည်းနဲ့ ပွဲကို အလှည့်အပြောင်းလုပ်ပေးနိုင်ပါတယ်။သူက အဲ့ဒီလိုကစားသမားမျိုးပါ။
"ဒါကြောင့် ကျွန်တော် သူ့အတွက် အံ့သြမိပြီး စိတ်ပျက်မိပါတယ်။"လို့ ၎င်းက ဆိုပါတယ်။
ဆက်လက်ပြီး ဂျရတ်က Gerrard က "ဒါပေမယ့် ထည့်သွင်းစဉ်းစားရမယ့် တခြားအခြေအနေတွေ အများကြီးရှိပါတယ်။ ဥပမာ- သူ ဘယ်လောက်ကစားခဲ့ပြီးပြီလဲဆိုတာမျိုးပေါ့။
"သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အကောင်းဆုံးအခြေအနေမှာ ရှိလား။ ကွင်းပြင်ပမှာ ဖြစ်ပျက်နေတာတွေ ရှိလား။
"တူချယ်က ပွဲကစားခွင့်မရှိတဲ့၊ ဒါမှမဟုတ် ပွဲထွက်လူစာရင်းမှာ မပါဝင်နိုင်တဲ့၊ ဒီနေရာအတွက် မတူညီတဲ့လူတွေ ရှိနိုင်တဲ့ ကစားသမားတွေကို မလိုချင်ဘူးဆိုတာ သေချာတပ်အပ်မပြောနိုင်ပါဘူး။ ရက်သတ္တပတ်ခြောက်ပတ်ကြာကာလအတွက် အသင်းတစ်ခုကို မရွေးချယ်ခင် ထည့်သွင်းစဉ်းစားရမယ့်အချက်အလက်တွေ အများကြီးရှိပါတယ်"လို့ ပြောပါတယ်။