The network connection is lost.

Banner Image

လီဗာပူးရဲ့နိုင်ပွဲအပြီး ပရိသတ်တွေ စိတ်ပျက်နေခဲ့တယ်ဆိုတာကို သိထားတယ်လို့ ဆိုဘိုစလိုင်းဝန်ခံပြောကြား

ဂါလာတာစာရေးအသင်းနဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းအဓိကကစားသမားဆိုဘိုဆလိုင်းက သူ့ရဲ့စွမ်းဆောင်ရည်အပေါ် အလွန်ကျေနပ်အားရနေပါတယ်။

လီဗာပူးအသင်း ၄-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အဲဒီပွဲစဉ်မှာ ဆိုဘိုဆလိုင်းက တစ်ဂိုးသွင်းယူပေးခဲ့ပြီး အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၄-၁ ဂိုးဖြင့် ကွာတားဖိုင်နယ်အဆင့်တက်လှမ်းနိုင်အောင် ကူညီပေးခဲ့ပါတယ်။

ပွဲစဉ်အပြီးမှာတော့ ဆိုဘိုဆလိုင်းက "ဒီနေ့ပွဲစဉ်မှာ ကျွန်တော်တို့ ဘယ်ကိုဦးတည်သွားချင်လဲ၊ လူတိုင်းကို ဘာတွေပြချင်လဲဆိုတာ သေချာပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့ အချင်းချင်းကြားမှာပေါ့၊ ဘာလို့လဲဆိုတော့ အရာရာတိုင်းက ကျွန်တော်တို့ဆီကပဲ စတာမို့လို့ပါ" လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် "ကျွန်တော်တို့နဲ့ပတ်သက်လို့ ပရိသတ်တွေ မပျော်မရွှင်ဖြစ်နေနိုင်တယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကိုယ်တိုင်ကသာ ကိုယ့်ခြေစွမ်းအပေါ် စိတ်တိုင်းမကျဖြစ်နေရင် အဲဒါက ပြဿနာပါ။ တကယ်လို့ ကျွန်တော်တို့သာ ကိုယ့်ကိုယ်ကိုယ်ကျေနပ်အောင် ကစားနိုင်မယ်ဆိုရင် လူတိုင်းကလည်း ကျွန်တော်တို့အပေါ် ပြန်ပြီးကျေနပ်ကြပါလိမ့်မယ်" လို့ သူက ဆက်ပြောပါတယ်။

"ဒါက အရှေ့ဆီလှမ်းလိုက်တဲ့ တကယ့်ခြေလှမ်းကောင်းတစ်ခုပါ။ ကျွန်တော့်ဘဝမှာရော၊ ကျွန်တော်တို့ အသင်းဖော် အတော်များများအတွက်ပါ ပထမဆုံးအကြိမ် ကွာတားဖိုင်နယ် တက်လှမ်းနိုင်ခဲ့တာဖြစ်လို့ ရှေ့ဆက်သွားဖို့ပဲ ရှိပါတယ်" လို့လည်း ဆိုပါတယ်။

ဂိုးသွင်းယူနိုင်မှုနဲ့ ပတ်သက်ပြီးတော့လည်း ဆိုဘိုဆလိုင်းက "အမှန်အတိုင်းပြောရရင် ဘယ်အချိန်မှာ ဂိုးသွင်းရမလဲ၊ ဘယ်လိုသွင်းရမလဲဆိုတာ ကျွန်တော် သိပ်ဂရုမစိုက်ပါဘူး၊ ဂိုးသွင်းချင်တာပဲ သိပါတယ်။ အသင်းကို ကူညီချင်တယ်၊ အသင်းအောင်မြင်ဖို့အတွက် တတ်နိုင်သမျှ အကုန်လုပ်ပေးချင်ပါတယ်။ အခုလိုပွဲမျိုးမှာ ဂိုးသွင်းနိုင်ခဲ့လို့လည်း တကယ်ဝမ်းသာပါတယ်။ လာမယ့်စနေနေ့ပွဲမှာလည်း နောက်ထပ်တစ်ဂိုးလောက် ထပ်ရမယ်ဆိုရင်တော့ ပိုပြီးပျော်မိပါလိမ့်မယ်" လို့ ပြောကြားသွားခဲ့ပါတယ်။