The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ကို ရှုံးခဲ့ပေမဲ့ မန်စီးတီးကစားသမားတွေ အစွမ်းကုန် ကြိုးစားခဲ့ကြတာပါလို့ ဒိုကူ ပြောကြား

အင်္ဂါနေ့က ချန်ပီယံလိဂ်ပွဲစဉ်မှာ အိမ်ကွင်းမှာတင် ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့ရပေမဲ့ မန်စီးတီးတိုက်စစ်ကစားသမား ဂျယ်ရမီဒိုကူကတော့ သူတို့အသင်းအနေနဲ့ ခေါင်းမော့ထားနိုင်တယ်လို့ ခံစားမိကြောင်း ပြောပါတယ်။

ရီးရဲလ်ဟာ ဒီပွဲမှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၅-၁ ဂိုးနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့တာပါ။ ဒီပွဲမှာ ဗီနီစီးယပ်စ်က ၂ ဂိုးသွင်းယူခဲ့ပြီး ၁ ဂိုးကတော့ မန်စီးတီးအသင်းခေါင်းဆောင် ဘာနာဒိုဆေးလ်ဗား တမင်လက်နဲ့ပုတ်မိလို့ အနီကတ်နဲ့ အထုတ်ခံရပြီးနောက် ရရှိလာတဲ့ ပင်နယ်တီကနေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော်တို့ စိတ်ပျက်ရတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ကစားသမား ၁၀ ယောက်တည်းနဲ့တောင် အကောင်းဆုံး ကစားနိုင်ခဲ့လို့ ဂုဏ်ယူစရာတော့ ကောင်းပါတယ်၊ ကံမကောင်းစွာနဲ့ပဲ မနိုင်ခဲ့တာပါ" လို့ ဒိုကူက ဆိုပါတယ်။

"ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။ ရီးရဲလ်လို အသင်းကြီးတစ်သင်းကို လူနည်းနေချိန်မှာတောင် ဒုက္ခပေးနိုင်ခဲ့သလို ဂိုးသွင်းခွင့်တွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ ကစားသမားတွေရဲ့ ကြိုးစားမှုကိုတော့ တကယ်ကို ချီးကျူးရမှာပါ။ ဒီနေ့ ပရိသတ်တွေအတွက်လည်း တကယ်ကို ဝမ်းသာမိပါတယ်။ လူနည်းနေတဲ့အချိန်မှာရော၊ ၁-၀ နဲ့ ရှုံးနေတဲ့အချိန်မှာပါ သူတို့တွေက ကျွန်တော်တို့ကို တောက်လျှောက် အားပေးပြီး တွန်းအားပေးခဲ့ကြတာပါ။ ဒါဟာ ကျွန်တော်တို့အတွက် အများကြီး အထောက်အကူဖြစ်ခဲ့လို့ သူတို့ကို အထူးပဲ ကျေးဇူးတင်ပါတယ်" လို့ ဒိုကူက ပြောကြားသွားခဲ့ပါတယ်။