ဇွန်လမှာ အသင်းကစားသမားတစ်ဦးကို မဖြစ်မနေ အရောင်းထုတ်ရတော့မယ့် ဂျူဗင်တပ်စ်
ယူအီးအက်ဖ်အေ ရဲ့ အရေးယူပိတ်ဆို့မှုတွေကို ရှောင်လွှဲနိုင်ဖို့အတွက် ဂျူဗင်တပ်စ်အသင်းဟာ ဇွန်လမကုန်ခင်မှာ အသင်းရဲ့ အဓိကကစားသမားတစ်ဦးကို ရောင်းချပြီး ငွေရှာရတော့မှာ ဖြစ်ပါတယ်။ Tuttosport ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်ဟာ ယူအီးအက်ဖ်အေရဲ့ အရေးယူမှုကို မခံရစေဖို့အတွက် ဘဏ္ဍာရေးနှစ်မကုန်ခင် ယူရို ၂၅ သန်းအထိ ရရှိအောင် လုပ်ဆောင်ဖို့ လိုအပ်နေတာပါ။
လက်ရှိမှာ ဂျူဗင်တပ်စ်အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေတွေကို ပြည်တွင်းနဲ့ ဥရောပ အာဏာပိုင်အဖွဲ့အစည်းတွေက အနီးကပ် စောင့်ကြည့်စစ်ဆေးနေတာ ဖြစ်ပါတယ်။ ဇွန်လအတွင်း ယူရို ၂၅ သန်း ရှာဖွေရမယ့် အခြေအနေကြောင့် အသင်းရဲ့ တာဝန်ရှိသူတွေဟာ ဖီဒီဂတ်တီကို ဝယ်ယူမယ့်သူကို ရှာဖွေသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဇန်နဝါရီလတုန်းက နော်တင်ဟမ်ဖောရက်စ်အသင်းက ကမ်းလှမ်းခဲ့ဖူးတဲ့ အီတလီနောက်ခံလူ ဂတ်တီဟာ အသင်းကနေ ရောင်းထုတ်ပြီး ငွေရှာဖို့အတွက် အဓိက အလားအလာအရှိဆုံး ကစားသမားလည်း ဖြစ်ပါတယ်။