The network connection is lost.

Banner Image

တော့တင်ဟမ်ရဲ့အမှားတွေကို အသုံးချဖို့ အသင့်ရှိနေခဲ့တယ်လို့ ဆိုလိုက်တဲ့ အနိုင်ဂိုးရှင်အယ်လ်ဗာရက်ဇ်

အင်္ဂါညပိုင်း၊ ချန်ပီယံလိဂ်ပွဲစဉ်မှာ တော့တင်ဟမ်ကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း ကိုယ်တိုင်နှစ်ဂိုးသွင်းယူနိုင်ခဲ့လို့ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးအယ်လ်ဗာရက်ဇ် ဝမ်းသာပီတိဖြစ်နေပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းက အခုပထမအကျော့ပွဲစဉ်မှာ ၅-၂ ဂိုးဆိုတဲ့ရလဒ်ဖြင့် အနိုင်ရရှိခဲ့လို့ ဒုတိယအကျော့အင်္ဂလန်မြေပွဲစဉ်အတွက် အသာစီးရယူထားနိုင်ခဲ့ပါပြီ။

အဆိုပါပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုရှင်(Man of the Match) အယ်လ်ဗာရက်ဇ်က "ဒါဟာ တကယ်ကို ပြီးပြည့်စုံတဲ့ ကစားကွက်တစ်ခုပါ။ ပထမဆုံး အော့ဘလက်ခ်ရဲ့လက်စွမ်းပြကာကွယ်မှုမှ စတင်ခဲ့ပြီး ဂရစ်ဇ်ဇ်မန်းရဲ့ ထူးခြားတဲ့ဖန်တီးမှုတွေနောက်မှာ ကျွန်တော် ဘောလုံးရခဲ့ပါတယ်။ ပြိုင်ဘက်နောက်ခံလူက ကျွန်တော်ရှေ့တိုးထွက်လာဖို့ နေရာလွတ်ပေးခဲ့သလို ကျွန်တော်လည်း အပိုင်အဆုံးသတ်နိုင်ခဲ့ပါတယ်" လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

"ပြိုင်ဘက်အသင်းရဲ့အမှားတွေကို အသုံးချပြီး ဂိုးပြတ်ဦးဆောင်မှု ဘယ်လိုရယူရမလဲဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ အခုတော့ သုံးဂိုးအသာနဲ့ ဒုတိယအကျော့ပွဲစဉ်ကို ယုံကြည်မှုရှိရှိ ရင်ဆိုင်သွားရပါမယ်" လို့ ၎င်းက ဆက်ပြောပါတယ်။

"ကျွန်တော်တို့တွေ အရာရာကို မှန်မှန်ကန်ကန် လုပ်ဆောင်နေပြီး အမြဲတမ်း တိုးတက်နေတယ်ဆိုတာကို မြင်တွေ့နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဖိအားပေးကစားပုံက အမြဲတမ်းအလုပ်ဖြစ်လေ့ရှိပါတယ်။ အသင်းတစ်ခုလုံး ရှေ့ကိုတက်ပြီး ဖိအားပေးတဲ့အခါ အခွင့်အရေးတွေ အများကြီးထွက်ပေါ်လာတတ်ပြီး ပြိုင်ဘက်ရဲ့အမှားတွေကိုလည်း အမိအရအသုံးချနိုင်ရပါမယ်။ အဲဒါတွေကပဲ အခုလိုမျိုးအခိုက်အတန့်တွေကို ဖြစ်ပေါ်လာစေတာပါ" လို့ အယ်လ်ဗာရက်ဇ်က ဆိုပါတယ်။