The network connection is lost.

Banner Image

အက်ဖ်အေဖလားရှုံးပွဲအပြီး အူယက်တာရာကို ဝေဖန်ပြစ်တင်ဖို့ ငြင်းဆန်ပယ်ချလိုက်တဲ့ ဘရန့်ဖို့ဒ်နည်းပြကိတ်အန်ဒရူးစ်

တနင်္လာည၊ အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်မှာ ဝက်စ်ဟမ်းကို ဘရန့်ဖို့ဒ်က ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ပင်နယ်ကာစတိုင်ဖြင့် ကန်သွင်းပြီး ဂိုးမဝင်ခဲ့တဲ့ အူယက်တာရာကို ဘရန့်ဖို့ဒ်နည်းပြကိတ်အန်ဒရူးစ်က အပြစ်မမြင်ခဲ့ပါဘူး။

ပွဲချိန်အတွင်းမှာ ဝက်စ်ဟမ်းကပ္ပတိန်ဘိုဝင်နဲ့ ဘရန့်ဖို့ဒ်တိုက်စစ်မှူးအီဂေါသီယာဂိုတို့က မိခင်ကလပ်အသင်းတွေအတွက် ဂိုးတွေသွင်းယူပေးခဲ့ပြီး အချိန်ပိုပြီးဆုံးချိန်အထိ တစ်ဖက်နှစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာတော့ အူယက်တာရာက ဘရန့်ဖို့ဒ်အတွက် ပင်နယ်ကာပုံစံဖြင့်ကန်သွင်းယူဖို့ကြိုးစားရာ လွဲချော်သွားခဲ့လို့ ဝက်စ်ဟမ်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အရေးနိမ့်သွားခဲ့ပါတယ်။

ပွဲစဉ်အပြီး အန်ဒရူးစ်က "ဒါ တကယ့်ကိုကောင်းမွန်တဲ့ဖလားပွဲစဉ်တစ်ခုပါ။ သူတို့က ဦးဆောင်ဂိုးအရင်ရသွားခဲ့ပြီး ပထမပိုင်းမှာ ကျွန်တော်တို့ ဖြစ်သင့်သလောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ပွဲဆီ ပြန်လာနိုင်ခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

"အချိန်ပိုမှာတော့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။ ပင်နယ်တီအဆုံးအဖြတ်ဆိုတာက ခေါင်းပန်းလှန်သလိုမျိုး မဟုတ်ပေမဲ့ ကံတရားတော့ အနည်းငယ်လိုအပ်ပါတယ်။ သူတို့က ပင်နယ်တီတွေကို အပိုင်ကန်သွင်းနိုင်ခဲ့ပြီး ကျွန်တော်တို့ဘက်ကတော့ ကံမကောင်းစွာနဲ့ တစ်လုံးလွဲချော်သွားခဲ့ပါတယ်"

"ကလယ်ဟာလို ဂိုးသမားမျိုးရှိနေတော့ တစ်လုံးလောက်တော့ ကာကွယ်နိုင်လိမ့်မယ်လို့ ခံစားမိပါတယ်။ ဒါကြောင့် သူတို့ရဲ့ပင်နယ်တီတွေက တကယ်ကောင်းဖို့ လိုအပ်ခဲ့ပြီး တကယ်လည်း ကောင်းကောင်းကန်နိုင်ခဲ့ပါတယ်" လို့ ဆိုပါတယ်။

အူယက်တာရာရဲ့ပင်နယ်ကာလွဲချော်မှုနဲ့ပတ်သက်လို့ အန်ဒရူးစ်က "ပင်နယ်တီလွဲချော်တဲ့အချိန်ဟာ ခက်ခဲတဲ့အချိန်ပါပဲ၊ ဒါပေမဲ့ ပင်နယ်တီကန်သွင်းရတာထက် မကန်ဘဲနေရတာ ပိုလွယ်ပါတယ်။ အရင်တုန်းကလည်း အရေးကြီးတဲ့ပွဲတွေမှာ ပင်နယ်တီလွဲလို့ ဝေဖန်ခံရတာ၊ လှောင်ပြောင်ခံရတာတွေ ရှိခဲ့ဖူးပြီး အဲဒါက တကယ်တော့ အဓိပ္ပါယ်မရှိလှပါဘူး" လို့ ရှင်းပြခဲ့ပါတယ်။

"သူက အဲဒီလိုကန်ချက်မျိုးကို အများကြီးလေ့ကျင့်ထားပါတယ်။ ကျွန်တော်အပါအဝင် အသင်းမှာရှိနေသူတိုင်းကလည်း သူ့ကို အပြည့်အဝထောက်ခံအားပေးသွားပါမယ်"

"ကျွန်တော်တို့ ကွာတားဖိုင်နယ် တက်ချင်ပေမဲ့ ဖြစ်မလာခဲ့ပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့မှာ နောက်ထပ် ၉ ပွဲကစားဖို့ ကျန်ပါသေးတယ်။ အဲဒီပွဲတွေမှာ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားပြီး ထူးခြားတဲ့အရာတစ်ခုခု လုပ်ပြသွားနိုင်ပါသေးတယ်" လို့ ၎င်းက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။