The network connection is lost.

Banner Image

ရိုးမားနောက်ခံလူ ဝက်စလေကို ပစ်မှတ်ထားစောင့်ကြည့်နေတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းဟာ ရိုးမားအသင်းရဲ့ တောင်ပံနောက်ခံကစားသမား ဝက်စလေ ဖရန်ကာကို ခေါ်ယူဖို့ အလေးအနက် ပြင်ဆင်နေပါတယ်။

ရိုးမားအသင်းမှာ ပထမဆုံးရာသီကိုပဲ ဖြတ်သန်းနေရသေးပေမဲ့ ဝက်စလေရဲ့ စွမ်းဆောင်ရည်ဟာ သိသိသာသာ ကောင်းမွန်နေတာကြောင့် လာမယ့် နွေရာသီအပြောင်းအရွှေ့ စျေးကွက်မတိုင်ခင်မှာ မန်စီးတီးအသင်းက သူ့ကို အနီးကပ် စောင့်ကြည့်ကင်းထောက်နေတာ ဖြစ်ပါတယ်။

ဘရာဇီးသတင်းဌာနတစ်ခုဖြစ်တဲ့ Netfla ရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်းဟာ အဆိုပါ တောင်ပံနောက်ခံလူအတွက် ရာသီကုန်မှာ ယူရို သန်း ၅၀ နဲ့ ကမ်းလှမ်းဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။

ရိုးမားအသင်းဘက်ကလည်း ဝက်စလေကို လုံးဝမရောင်းနိုင်တဲ့ ကစားသမားအဖြစ် သတ်မှတ်မထားပေမဲ့ ပြောင်းရွှေ့ကြေး အများအပြားရမှသာ ရောင်းချသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ ဝက်စလေဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ဖလာမင်ဂိုအသင်းကနေ ယူရို ၂၅ သန်းနဲ့ ရိုးမားအသင်းဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။