The network connection is lost.

Banner Image

ဂျီလာဒီနို၏နေရာမှာ ဆွီဒင်လူမျိုးနည်းပြအော့စကာဟေးလ်ဂျယ်မတ်ကို အစားထိုးခန့်အပ်လိုက်တဲ့ စီးရီးအေကလပ်ပီဆာ

အီတလီစီးရီးအေကလပ်ပီဆာအသင်းက ကွင်းတွင်းရလဒ်ပိုင်းဆိုးရွားနေမှုကြောင့် နည်းပြဂျီလာဒီနို၏နေရာမှာ အစားထိုးရန်အတွက် အသက် ၃၃ နှစ်အရွယ် ဆွီဒင်လူမျိုးလူငယ်နည်းပြ အော့စကာဟေးလ်ဂျယ်မတ်ကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ပီဆာအသင်းသည် ၎င်းတို့၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့ရာတွင် နည်းပြသစ် ဟေးလ်ဂျယ်မတ်အနေဖြင့် အသင်းနှင့် ၂၀၂၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီး စာချုပ်သက်တမ်းတိုးနိုင်မည့် အခွင့်အရေးလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

နည်းပြဂျီလာဒီနိုက အခုရာသီ၊ စီးရီးအေပြိုင်ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရှိထားပြီး ၁၁ ပွဲသရေ၊ ၁၁ ပွဲအထိ ရှုံးနိမ့်ထားသည့် ဆိုးရွားသော မှတ်တမ်းတစ်ခုကြောင့် ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်ကာ အသင်းတာဝန်ရှိသူများက ဟေးလ်ဂျယ်မတ်ကို အကောင်းဆုံး အစားထိုးမှုအဖြစ် ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပါတယ်။

နည်းပြသစ် ဟေးလ်ဂျယ်မတ်သည် အီတလီဘောလုံးလောကနှင့် မစိမ်းသူတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ပါလာမိုနှင့် ဂျီနိုအာအသင်းတို့တွင် ကွင်းလယ်လူတစ်ဦးအဖြစ် ကစားခဲ့ဖူးသောကြောင့် စီးရီးအေ အတွေ့အကြုံ အများအပြား ရှိထားသူလည်း ဖြစ်ပါတယ်။

၎င်းသည် ၂၀၂၁ ခုနှစ်တွင် အယ်လ်ဘော့ဂ်အသင်း၌ ကစားသမားဘဝကို အဆုံးသတ်ခဲ့ပြီးနောက် နည်းပြလောကသို့ လက်ထောက်နည်းပြအဖြစ် စတင်ဝင်ရောက်ခဲ့ကာ ၂၀၂၃ ခုနှစ် မတ်လတွင် နည်းပြချုပ်အဖြစ် စတင်တာဝန်ယူကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဟေးလ်ဂျယ်မတ်က အယ်လ်ဖ်ဘော့ဂ်အသင်းမှ ထွက်ခွာလာကာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် ပီဆာအသင်းကို ပြန်လည်ဦးမော့လာစေရန် တာဝန်ယူကိုင်တွယ်သွားရပါလိမ့်မယ်။