The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်ရဲ့ ၁၅ ပွဲဆက် နိုင်ပွဲစံချိန်ကို ချိုးဖျက်နိုင်မယ်လို့ လူးဝစ်အင်းနရစ် ယုံကြည်နေ

ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က ယနေ့ညကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာဘိုင်ယန်မြူးနစ်ရဲ့ မယုံနိုင်စရာကောင်းတဲ့ ၁၅ ပွဲဆက် အနိုင်ရရှိမှု စံချိန်ကို အဆုံးသတ်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ဇူလိုင်လတုန်းက ခြေစမ်းပွဲမှာ သူတို့ကို နောက်ဆုံးအနိုင်ယူခဲ့တဲ့ ပီအက်စ်ဂျီကို သွားရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ 
သတင်းစာရှင်းလင်းပွဲမှာ လူးဝစ်အင်းနရစ်"ရလဒ်တွေနဲ့ သူတို့ရဲ့ ၁၅ ပွဲဆက်တိုက် နိုင်ပွဲစံချိန်အကြောင်း ပြောမယ်ဆိုရင် မယုံနိုင်စရာပါပဲ။ သုံးပွဲ၊ လေးပွဲဆက်တိုက် အနိုင်ရဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ၁၅ ပွဲဆိုတာ မယုံနိုင်စရာပါပဲ။ သူတို့ ရထိုက်ပါတယ်။
ဒါပေမဲ့ မနက်ဖြန်ပွဲအတွက်တော့ ဒါဟာ ကျွန်တော်တို့ရဲ့ အိမ်ကွင်းပရိသတ်တွေရှေ့မှာ ဖြစ်ပါတယ်။ သူတို့ ဖန်တီးပေးတဲ့ အားပေးမှုက ပွဲတိုင်းမှာ ရှိနေပြီး သူတို့ရဲ့ ဖိအားတွေကို ကျော်လွှားနိုင်ဖို့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်အဆင့်ကို မြှင့်တင်နိုင်မယ်လို့ ယုံကြည်ပါတယ်" လို့ သူက ဆက်ပြောခဲ့ပါတယ်။ "ဒီပွဲဟာ နွေရာသီက ကစားခဲ့တဲ့ပွဲနဲ့ ဆင်တူလိမ့်မယ်လို့ ထင်ပါတယ်" လို့ ပြောခဲ့ပါတယ်။
အနိုင်ရတဲ့အသင်းကို ဥရောပမှာ အကောင်းဆုံးအသင်းလို့ သတ်မှတ်လို့ရမလားဆိုတဲ့ မေးခွန်းကို ပီအက်စ်ဂျီကွင်းလယ်လူ ဗီတင်ဟာက "အဖြေကို မနက်ဖြန်မှာ ရှာတွေ့နိုင်မယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ ပြောနေတာထက် ကွင်းထဲမှာ ပြောတာက ပိုကောင်းပါတယ်" လို့ တုံ့ပြန်ခဲ့ပါတယ်။