
ခံစစ်ပိုင်းအမှားတွေကြောင့် ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ချဲလ်ဆီး
ဘိုင်ယန်မြူးနစ် ၃ - ၁ ချဲလ်ဆီး (ပွဲပြီးလဒ်)
ချဲလ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်ရဲ့ အလိုင်းယန့်ဇ်အရီနာကွင်းကြီးထဲမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပေမဲ့ မဖြစ်သင့်တဲ့ ခံစစ်ပိုင်းအမှားအချို့ကြောင့် ပေးဆပ်မှုကြီးမားခဲ့ပါတယ်။
အိုလီစီရဲ့ ဖြတ်တင်ဘောကို ချာလိုဘ ကိုယ့်ဂိုးကိုယ် သွင်းခဲ့သလို၊ ပင်နယ်တီခွင့်ပြုလိုက်ရပြီး ဒုတိယပိုင်းမှာလည်း ဂတ်စ်တိုရဲ့အမှားကြောင့် တတိယဂိုးထပ်ပေးခဲ့ရပါတယ်။
ဘိုင်ယန်မြူးနစ်ကတော့ အိမ်ကွင်းမှာ ပွဲကို အကောင်းဆုံးထိန်းချုပ်ကစားနိုင်ခဲ့ပြီး ချဲလ်ဆီးရဲ့အမှားတွေကို အခွင့်ကောင်းယူကာ ဂိုးပြတ်နိုင်ပွဲဖော်ဆောင်သွားနိုင်ခဲ့ပါတယ်။