The network connection is lost.

Banner Image

ရော်နယ်ဒိုဟာ ထိပ်တန်းအဆင့်စွမ်းဆောင်ရည်ပြသပြီးလို့ အာဆင်နယ်ဂန္ထဝင်ဟောင်း ပြောကြား

အာဆင်နယ်ဂန္ထဝင်ဟောင်း ပီတစ်က အယ်လ်နာဆာစတား ရော်နယ်ဒိုဟာ ထိပ်တန်းအဆင့်စွမ်းဆောင်ရည်ပြသပြီးလို့ ပြောကြားလိုက်ပါတယ်။
အသင်းပြောင်းမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း အဆုံးသတ်မှာ ရော်နယ်ဒိုဟာ အယ်လ်နာဆာနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ လက်ရှိပေါ်တူဂီအသင်းမှာပါဝင်နေသလို မကြာသေးခင်ကလည်း နိုင်ငံအသင်းကို နေးရှင်းလိဂ်ဆုဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကာ ဆော်ဒီလိဂ်မှာ ရွှေဖိနပ်ဆု ၂ ကြိမ်ရယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့် အနားယူဖို့မတိုင်ခင်မှာပဲ ဥရောပမြေကို ပြန်လာနိုင်ဖို့ အခွင့်အရေးအနည်းငယ်ရှိနေပါတယ်။ “ရော်နယ်ဒိုက အယ်လ်နာဆာနဲ့အတူ စာချုပ်သစ်ချုပ်ဆိုပြီး သူထိပ်တန်းအဆင့်လုပ်ဆောင်ခဲ့ပြီးဆိုတာကို အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် အဲ့တာကို သူယူနိုက်တက်ကနေထွက်ခွာချိန်ကတည်းက အတည်ပြုခဲ့တာပါ။
ပြောခဲ့သလိုပါပဲ သူ့ကိုပေးချေနေတဲ့မြင့်မားတဲ့ငွေကြေးမျိုးကို ဘယ်သူမှမပေးနိုင်ပါဘူး။ သူ့အသက်က ၄၀ ဖြစ်နေပေမယ့် နိုင်ငံအသင်းမှာကော ကလပ်အသင်းမှာပါ ထိပ်တန်းအဆင့်စွမ်းဆောင်ရည်ပြသနေဆဲပါ။
လာမယ့်နှစ်ကမ္ဘာ့ဖလားမှာ သူ့ကိုမြင်ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော် သူဆော်ဒီမှာဆက်နေခဲ့တာကို မအံ့သြပါဘူး။ ဘယ်အသင်းမှ သူ့ကိုလက်ရှိပေးနေတဲ့လစာမျိုးမပေးနိုင်ပါဘူး။ သူတို့က ရူးချင်စရာပါ”လို့ ပီတစ်က ပြောကြားခဲ့ပါတယ်။
အယ်လ်နာဆာနဲ့စာချုပ်သစ်မှာ ၂ နှစ်အတွင်း ရော်နယ်ဒိုဟာ ပေါင် ၄၉၂ သန်းအထိရရှိမှာဖြစ်ပြီး ထိပ်တန်းလုပ်ခလစာအများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့ပြီးဖြစ်ပါတယ်။
ဒါ့အပြင် ကစားသမားဘ၀ ဂိုး ၁၀၀၀ ပြည့်မြောက်အောင်သွင်းယူနိုင်ဖို့လည်း ပစ်မှတ်ထားနေပါတယ်။