
အင်တာမိုင်ယာမီကို ဂိုးပြတ်အနိုင်ယူကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားတဲ့ ပီအက်စ်ဂျီ
ပီအက်စ်ဂျီ ၄ - ၀ အင်မတာမိုင်ယာမီ (ပွဲပြီးရလဒ်)
ပီအက်စ်ဂျီအသင်းက ပထမပိုင်းမှာတင် ဂိုးပြတ်ဦးဆောင်နိုင်ခဲ့တာကြောင့် ဒုတိယပိုင်းမှာတော့ လူစားလဲမှုတွေ ပြုလုပ်ပြီး အနိုင်ကို ထိန်းကစားကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းက အခွင့်အရေးတွေ အများအပြားရခဲ့ပေမယ့် အင်တာမိုင်ယာမီဂိုးသမား အူစတာရီ လက်စွမ်းပြနေတာကြောင့်သာ ဒီထက်ဂိုးပိုမပြတ်ခဲ့တာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီကတော့ ဒုတိယပိုင်း ပီအက်စ်ဂျီ ကစားအားချလိုက်ချိန်မှာ အခွင့်အရေးအချို့ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ဂိုးပြတ်ရှုံးပွဲတွေ့ကာ ၁၆သင်းအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။