
ရီးရဲလ်မက်ဒရစ်ကို ဂိုးပြတ်ချေမှုန်းကာ ဆီမီးဖိုင်နယ်ကို ခြေတစ်ဖက်လှမ်းနိုင်ခဲ့တဲ့ အာဆင်နယ်
အာဆင်နယ် ၃ - ၀ ရီးရဲလ်မက်ဒရစ် (ပွဲပြီးရလဒ်)
ပထမပိုင်းအတွင်း ငြိမ်သက်နေတဲခဲ့တဲ့ပွဲစဉ်က ဒုတိယပိုင်းအတွင်းမှာတော့ အာဆင်နယ်ရဲ့ မယုံနိုင်စရာကောင်းလောက်တဲ့ သွင်းဂိုးတွေနဲ့အတူ အတော်လေးကြည့်ကောင်းခဲ့ပါတယ်။
အာဆင်နယ်တိုက်စစ်က ကော်တိုရစ်ကို ကျော်မရဘဲ ခက်ခဲနေချိန် ဒီကလန်ရိုက်စ်ရဲ့ အလွန်ကောင်းမွန်တဲ့ ဖရီးကစ်သွင်းဂိုးနှစ်ဂိုးနဲ့အတူ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။
သိပ်မကြာခင်မှာဘဲ လူးဝစ်စကယလီရဲ့ဖြတ်တင်ဘောကနေ မီရီနိုက အာဆင်နယ်အတွက် တတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒုတိယအကျော့ ဘာနေဗြူးမှာတော့ ချန်ပီယံလိဂ်အစဉ်အလာကြီးမားတဲ့ ရီးရဲလ်မက်ဒရစ်တို့ မယုံနိုင်စရာ comebackတစ်ခုကို လုပ်ပြနိုင်မလား စောင့်ကြည့်ရပါတော့မယ်။
အခြားပွဲရလဒ်
-------------
ဘိုင်ယန်မြူးနစ် ၁ - ၂ အင်တာမီလန်