The network connection is lost.

Banner Image

ဖောရက်စ်ကိုသရေကျပြီး နိုင်ပွဲဆက်နေမှုရပ်တန့်သွားတဲ့ ယူနိုက်တက်

နော်တင်ဟမ်ဖောရက်စ် ၂-၂ ယူနိုက်တက် (ပွဲပြီးရလဒ်)
ကတ်စ်မဲရိုး ၃၄'
ဂစ်ဝှိုက် ၄၈'
ဆာဗိုနာ ၅၀'
အာမက် ၈၁' 
ပထမပိုင်းမှာ ဖောရက်စ်ကိုဦးဆောင်ခဲ့တဲ့ယူနိုက်တက်အနေနဲ့ ဒုတိယပိုင်းအစမှာပဲ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေဆက်တိုက်ခွင့်ပြုခဲ့ရပါတယ်။ ဒါကြောင့် ၂ ဂိုးကို ၂ မိနစ်အတွင်းခွင့်ပြုခဲ့ရတဲ့ ယူနိုက်တက်နောက်တန်းရဲ့တည်ငြိမ်မှုက မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။ သို့သော်လည်း အသင်းအတွက်ချေပဂိုးကို အာမက်က ဗော်လီကန်ချက်နဲ့ လှလှပပကန်သွင်းယူခဲ့လို့ ယူနိုက်တက်တို့ ရှုံးပွဲနဲ့ရှောင်လွှဲနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲပြီးကာနီးမှာရရှိခဲ့တဲ့ အခွင့်အရေးတွေကိုသာ ဂိုးအဖြစ်ပြောင်းလဲမယ်ဆိုရင် ယူနိုက်တက်အ‌နေနဲ့ ပရီးမီးယားလိဂ် ၄ ပွဲဆက်နိုင်ပွဲကိုဖော်ဆောင်နိုင်ဖို့ရှိပေမယ့် ဖောရက်စ်နောက်တန်းရဲ့ ခြေစွမ်းပြမှုကြောင့် ၃ ပွဲနဲ့သာ ရပ်တန့်ခဲ့ရတာဖြစ်ပါတယ်။