The network connection is lost.

Banner Image

အဖိုးတန်နိုင်ပွဲနဲ့အတူ ဖိအားအချို့လျှော့ချနိုင်ခဲ့တဲ့ လီဗာပူး

လီဗာပူး ၂-၀ အက်စတွန်ဗီလာ (ပွဲပြီးရလဒ်)

ပရီးမီးယားလိဂ်နောက်ဆုံးလေးပွဲဆက်ရှုံးနိမ့်မှုကြောင့် ဖိအားတွေအောက်ရောက်ရှိနေတဲ့ လက်ရှိချန်ပီယံလီဗာပူးအတွက် အတော်လေးကျေနပ်စရာကောင်းတဲ့ရလဒ်တစ်ခု ဖြစ်ပါတယ်။ ပွဲချိန်အတွင်းမှာတော့ အိမ်ရှင်လီဗာပူးရော၊ ဧည်သည့်အက်စတွန်ဗီလာပါ အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်မှုတွေနဲ့အတူ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဆုံးအဖြတ်သွင်းဂိုးတွေကိုတော့ ပထမပိုင်းပွဲချိန်အတွင်း မိုဆာလက်၊ ဒုတိယပိုင်းပွဲချိန်အတွင်း ဂရာဗန်ဘတ်ချ်တို့က သွင်းယူခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် စနေညပိုင်းပွဲစဉ်တွေအပြီး အန်းစလော့ရဲ့အသင်းက အမှတ်ပေးဇယားတတိယနေရာဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။